Home / 2019 / September

Monthly Archives: September 2019

ကျောက်ကြီးမြို့တွင် လူထုတွေဆုံပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၉ (ကျောက်ကြီး) ==================== စက်တင်ဘာလ (၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ မြို့တွင်းကျောင်း၊ အဂ္ဂဇေယျဗိမာန်၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်ကာလ အချိန်အခါအရ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသည် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနိမ့်ကျခဲ့ရပြီး တည်ငြိမ်အေးချမ်းမှုများ အားနည်းခဲ့ရကြောင်း၊ ယခုအခါ မိမိတို့အစိုးရသည် နယ်မြေဒေသ ခွဲခြားမှုမရှိပဲ တစ်ပြေးညီ တည်ငြိမ်အေးချမ်းနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် အခြားမြို့ပြများနှင့်မတူ နိမ့်ကျနေသည့် ဒေသများရှိ ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများကို ဦးစားပေး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍လည်း ပြည်သူများအကြား အကြောက်တရား ကင်းရှင်းစေရန်၊ ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိနားလည်ကာ ပြုပြင်ပြောင်းလဲမှုကို မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲကြပြီး …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

FI

စက်တင်ဘာ ၂၈ (တောင်ငူ) =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်း၌ ကေတုမတီမြို့သစ်နှင့် တောင်ငူမြို့ရှောင်လမ်း တို့အတွက် နစ်နာခဲ့ရသော ဒေသခံပြည်သူများအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြဖွံ့ဖြိုးမှုနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြို့ပြသစ်များ လိုအပ်ချက်တွေအရ ကေတုမတီမြို့သစ်ကို ဖော်ထုတ်ခဲ့ခြင်းနှင့် တောင်ငူမြို့ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းနိုင်စေရန် တောင်ငူမြို့ရှောင်လမ်းကို ဖောက်လုပ်ခဲ့ရာတွင် ဒေသခံပြည်သူများ၏ မြေယာများပါဝင်ခဲ့၍ နစ်နာခဲ့သူများအတွက် မြေယာလျော်ကြေးပေးရန် စီစဉ်ပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် မြေယာလျော်ကြေးပေးခြင်းကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး နစ်နာခဲ့သည့် ဒေသခံပြည်သူများအတွက် စာရင်းဇယားအချက်အလက်များ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ပြည်သူစိတ်ချမ်းသာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခွင့် ရရှိသည့်အပေါ် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်သို့ တက်ရောက်ဖွင့်လှစ်

FI

စက်တင်ဘာ ၂၈ (ရေတာရှည်) =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု၊ သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်တို့က အမှာစကားပြောကြားပြီး သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးအတွက် ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ မြို့နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဝင်းကိုနှင့် ပဲခူးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ဟိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ သိုင်းဝကျေးရွာ ငြိမ်းချမ်းရေးရိပ်မြိုင်ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်တွင် ဆောက်လုပ်ထားရှိသည့် စုပေါင်းရုံးအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့နယ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

FI

စက်တင်ဘာ ၂၇(ပဲခူး) =================== ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ စက်တင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးမြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီထံလွှဲပြောင်းပေးအပ်သည်။ ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၄”စက်ရေတွင်းများကို အလိုင်နီကျေးရွာနှင့် သရက်ကုန်းကျေးရွာတို့တွင်လည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၄”စက်ရေတွင်းနှင့် မြေသားရေကန်တို့ကို ပေါက်တောကျေးရွာ၊ မလွှကုန်းကျေးရွာ၊ ကျုံးရိုးကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် ကျောက်လုံးကြီးကျေးရွာများတွင်လည်းကောင်း ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားကန်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သဖြင့် စက်ရေတွင်းနှင့် မြေသားရေကန်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာကျေးရွာကော်မတီများထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း …

Read More »

ရေတာရှည်မြို့နယ် လွတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

စက်တင်ဘာ ၂၇ (ရေတာရှည်) ===================== စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်(၇)နာရီအချိန်က ရေတာရှည်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားဆိုင်းဘုတ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်အလုပ်အမှုဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်နိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် မိမိတို့၏ ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်လာရောက် တင်ပြနိုင်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုအရ အပြုသဘောဖြင့် ဆွေးနွေးအကြံပြုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တစ်ဘက်တစ်လမ်းမှ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်မည့် အဆောက်အအုံတစ်ခု ဖွင့်လှစ်ပေးခဲ့ရခြင်းကို အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ …

Read More »

လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

70932407_698167417329668_279213710789050368_n

စက်တင်ဘာ ၂၆ (ပဲခူး) =========================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် စက်တင်ဘာလ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အလုပ်တွင်ထိခိုက်မှုကြောင့် ကျန်ရစ်သူမိသားစုအား ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဒေါ်ကေသီခိုင်က လုမှုဖူလုံရေးနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားကြသော မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်)မှ အာမခံအလုပ်သမား ဦးရဲဟိန်း၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ်(၄၃၂၀၀၀ဝိ/)၊ ဆုစ်စတား အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ပွင့်၏ မမာမကျန်းအကျိုးခံစားခွင့်နှင့် နာရေးစရိတ်ငွေကျပ်(၇၀၈၀၀ဝိ/)တို့အား လူဝန်မှုကြီးကြပ်ရေးနှင့် …

Read More »

နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

0-02-06-a0504de392eef4a73f5cc28349ade453b84e243b4b7bd97f2b83cb419f04f34a_21b9279a

စက်တင်ဘာ ၂၆ (နေပြည်တော်) ====================== စက်တင်ဘာလ (၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ကျင်းပသော အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၂/၂၀၁၉) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရှေးဟောင်းသမိုင်းဝင် နေရာများ ပြန်လည်ဖော်ထုတ်ခြင်း၊ ခရီးလုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

Read More »

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်

FI

စက်တင်ဘာ ၂၆ (ပဲခူး) ================= ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံခန်းသာမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ထိခိုက်ပျက်စီးခဲ့သော မိုးသီးနှံများအတွက် ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က သက်ဆိုင်ရာ ခရိုင်သဘာဝဘေးထောက်ပံ့ရေးအဖွဲ့သို့ ငွေလွှဲလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်၊ မိုးရာသီ၌ ရေကြီးနစ်မြှုပ်ခြင်းနှင့် ရွှေခရုတို့ကြောင့် မိုးစပါး၊ နှမ်း၊ ပြောင်း၊ …

Read More »

ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှလှူ ဒါန်းသည့် အများသုံးသန့်စင်ခန်း လှူဒါန်းဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၆ (ပဲခူး) ================== ပဲခူးမြို့ ရွှေမော်ဓောစေတီတော် အနောက်ဘက်မုခ်၊ မွန်ဓမ္မာရုံမြောက်ဘက်ရှိ အများသုံးသန့်စင်ခန်း တည်ဆောက်မည့်နေရာတွင် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၆:၄၀)နာရီအချိန်က ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှလှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဆောက်လုပ်နိုင်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သတ်မှတ်နေရာအသီးသီးတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ပဲခူးမြို့နယ်စည်ပင်ယာရေးအဖွဲ့ ဥက္ကဌ ဒေါက်တာအောင်ခင်၊ Sun Shine Yangon Co.,Ltdမှ မန်နေဂျင်းဒါရိုက်တာ Mr.Kim.Tae.Won နှင့် ရွှေမော်ဓောစေတီဂေါပကအဖွဲ့များက ပန္နက်တိုင်များ ရိုက်သွင်းစိုက်ထူပေးကြသည်။ အဆိုပါ အများသုံးသန့်စင်ခန်းအား ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ World Toilet Association(WTA)မှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး projectအဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အောက်ခြေ …

Read More »

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစား

FI

စက်တင်ဘာ ၂၄ (ပဲခူး) ============== စက်တင်ဘာလ(၂၄)ရက်နေ့ ညနေ(၃:၃၀)နာရီအချိန်က ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးကစားကွင်းတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောဘောလုံးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သော ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။ ရှေးဦးစွာ ယှဉ်ပြိုင်ကစားကြမည့် နှစ်ဖက်အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှ လိုက်လံနှုတ်ဆက်ပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက ပန်းစည်းပေးအပ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောဘောလုံးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သော ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဒန်နှင့် အတွင်းရေးမှူး ဦးကျော်ဝင်းတို့မှ ကြည့်ရှုအားပေးပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သောဘောလုံးက (၂:၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ …

Read More »