Daily Archives: September 13, 2019

ပဲခူးမြို့၊ ရေဘေးရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လာရောက်ကူညီထောက်ပံ့

FI

စက်တင်ဘာ ၁၃ (ပဲခူး) =============== စက်တင်ဘာလ(၁၃)ရက်နေ့၊ ညနေ(၅:၃၀)အချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၌ ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရောက်ရှိခဲ့ပြီး  ရေးဘေးရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေများ ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ဦးညွန့်ရွှေမှ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရေဘေးရှောင်ပြည်သူများအတွက် (၃)ရက်စာ (၁၉)ပြည်ဝင် ဆန်အိတ်(၅၄၉)အိတ်၊ ခေါက်ဆွဲခြောက် လူ(၁)ဦး (၁)ထုပ်နှုန်းဖြင့် (၃)ရက်စာ အထုပ်ပေါင်း(၄၁၅၀၅)ထုပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၉,၄၀၉,၉၅ဝိ/-)တို့အား ထောက်ပံ့ပေးအပ်ရာ၊ ဝန်ကြီး ဦးညွန့်ရွှေက လက်ခံရယူခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပဲခူးမြို့ရှိ ရေဘေးရှောင်ခစန်း (၂၃)ခုရှိ လူဦးရေ(၁၃၈၃၅)ဦးအတွက် (၁)ဦးလျှင် (၁)ရက်စာ ဆန်(၂)ဗူးနှုန်းဖြင့် (၄)ရက်စာ (၂၄)ပြည်ဝင် ဆန်အိတ် …

Read More »

(၁၃-၉-၂၀၁၉)ရက်နေ့ (၁၆:၃၀)အချိန် မြစ်ရေအမှတ် ထုတ်ပြန်ချက်

1

စက်တင်ဘာ ၁၃(ပဲခူး) ==================== (၁၃.၉.၂၀၁၉)ရက်နေ့၊ (၁၆:၃၀)အချိန် တိုင်းထွာချက်များအရ တောင်ငူမြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ (၁၃.၉.၂၀၁၉)ရက်နေ့၊ (၁၆:၃၀)အချိန် တိုင်းထွားချက်များအရ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီဖြစ်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်။

Read More »

(၁၃-၉-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၃:၃၀)အချိန် မြစ်ရေအမှတ် ထုတ်ပြန်ချက်

1

စက်တင်ဘာ ၁၃(ပဲခူး) ==================== (၁၃.၉.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန် တိုင်းထွာချက်များအရ တောင်ငူမြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ (၁၃.၉.၂၀၁၉)ရက်နေ့၊ (၁၃:၃၀)အချိန် တိုင်းထွားချက်များအရ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီဖြစ်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်။

Read More »

(၁၃-၉-၂၀၁၉)ရက်နေ့ နံနက်(၉:၃၀)အချိန် မြစ်ရေအမှတ် ထုတ်ပြန်ချက်

1

စက်တင်ဘာ ၁၃(ပဲခူး) ==================== (၁၃.၉.၂၀၁၉)ရက်နေ့၊ နံနက်(၉:၃၀)အချိန် တိုင်းထွာချက်များအရ တောင်ငူမြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ (၁၃.၉.၂၀၁၉)ရက်နေ့၊ (၉:၃၀)အချိန် တိုင်းထွားချက်များအရ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီဖြစ်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်။

Read More »

ပဲခူးမြစ်ရေ ပဲခူးမြို့၏ စိုးရိမ်အမှတ်ကျော်လွန်လာသဖြင့် ကားလမ်းရေကျော် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိ

FI

စက်တင်ဘာ ၁၃ (ပဲခူး) ================= ပဲခူးမြစ်ရေ ပဲခူးမြို့၏ စိုးရိမ်အမှတ်မှာ (၈၈၀)စင်တီမီတာဖြစ်ပြီး စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ (၉၁၅)စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည်။ ပဲခူးမြစ်ရေ စိုးရိမ်အမှတ် ကျော်လွန်ရောက်ရှိလာခြင်းကြောင့် ကျွန်းသာယာရပ်ကွက် ထူးဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် မဇင်းရပ်ကွက် ရွှေသာလျောင်းဘုရားလမ်း၊ မဇင်း(၁)လမ်းထိပ်တို့တွင် ရေကျော်လျှက်ရှိပြီး ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အုပ်ချူပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ရှင်းလင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။ ရေကြီးနစ်မြှုပ်ရပ်ကွက်များရှိ ရေဘေးရှောင်ပြည်သူများ ယာယီနေထိုင်နိုင်ရန်အတွက် ဇိုင်းဂနိုင်တောင်ပိုင်းရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း(၃)ခု၊ ကျွန်းသာယာရက်ကွက်တွင် ကယ်ဆယ်ရေးစခန်း(၆)ခု၊ ကလျာဏီရပ်ကွက်တွင်(၂)ခု၊ ရွာသစ်ရပ်ကွက်တွင်(၁)ခု၊ မဇင်းရပ်ကွက်တွင်(၄)ခု၊ ကျောက်ကြီးစုရပ်ကွက်တွင်(၃)ခု၊ မြို့သစ်ရပ်ကွက်တွင်(၃)ခု၊ ဘုရားကြီးမြို့တွင်(၁)ခု စုစုပေါင်း(၂၃)စခန်း ဖွင့်လှစ်ထားရှိပြီး ရေဘေးရှောင်ပြည်သူများအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှုကော်မတီဗဟိဌာနအဖြစ် ဖွင့်လှစ်ထားရှိသည်။ ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း(၂၃)စခန်း၌ …

Read More »