Daily Archives: September 14, 2019

ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် စာသင်ကျောင်းအချို့ ခေတ္တပိတ်ထား

70205741_689049558241454_6297361519902457856_n

စက်တင်ဘာ ၁၄ (ပဲခူး) =============== ပဲခူးမြစ်ရေသည် စိုးရိမ်အမှတ်ကျော်လွန်ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့သို့ မြစ်ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့ရာ အခြေခံပညာကျောင်းအချို့ ယာယီခေတ္တပိတ်ထားရကြောင်း သိရသည်။ ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေခြင်းကြောင့် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပဲခူးမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာကျောင်း (၂၄)ကျောင်းပိတ်ထားရပြီး အဆိုပါ ပိတ်ထားခဲ့ရသည့်ကျောင်း (၂၄)ကျောင်းတွင် သင်ကြားပေးသည့် ဆရာ/မ(၂၇၇)ဦး KGတန်းမှ G11တန်းအထိ ကျောင်းသား/သူ (၇၂၁၃)ဦးရှိကြောင်း သိရသည်။ ပိတ်ထားသည့် ကျောင်းများမှာ မူလွန်-မဇင်း(ခ)၊ မူလွန်-ဥဿာ(၆)၊ အလက(ခွဲ)မဲခုံ၊ မူလွန်-အုတ်ဖိုကျုံးရိုး၊ မူလွန်-လက်ပံခုန်၊ မူလွန်-ကျုံပကန်၊ မူလွန်-ကျောက်ကြီးစု၊ အလက(ခွဲ)ကွေ့တန်းရှည်၊ အထက(၄)၊ အလက(ခွဲ)ကျိုက်ဒေးယုံ၊ အထက(ခွဲ)၅၊ အထက(ခွဲ၈၊ အလက(ခွဲ)အောက်စီတီး(အရှေ့)၊ မူလွန်-ကျိုက်ကေ၊ မူလွန်-မြို့လေး၊ မူလွန်-မုန်တိုင်းရပ်၊ အလက(ခွဲ)အောက်စီတီး(အနောက်)၊ မူလွန်-အထက်စီတီး(အရှေ့)၊ မူလွန်-အထက်စီတီး(အနောက်)၊ မူလွန်-သရက်သုံးပင်၊ မူလွန်-မြို့သစ်(ဂ)၊ အလက(ခွဲ)အဝိုင်း၊ မုလွန်-ဇိုင်းဂနိုင်းကြီးနှင့် အလက(ခွဲ)ရွာသစ်တို့ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ နတ်သံကွင်း မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၄ (ကျောက်ကြီး) =============== စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ၌ နတ်သံကွင်း မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က နတ်သံကွင်း မြို့မဈေးတည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်၍ ဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နတ်သံကွင်းမြို့မဈေးသစ်တည်ဆောက်ရေးကော်မတီ ဥက္ကဌမှ ဈေးသစ်ကြီးအောင်မြင်စွာတည်ဆောက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် နတ်သံကွင်း မြို့မဈေးသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား တည်ဆောက်ရေးကော်မတီ ဥက္ကဌ ဦးကျင်မွှေးနှင့် အတွင်းရေးမှူးတို့က ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းဇော်ဦးနှင့် အမှုဆောင်အရာရှိ ဦးအောင်စိုးဝင်းထံ လွှဲပြောင်းပေးအပ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ထို့နောက် နတ်သံကွင်းဒေသ နတ်သံကွင်းမြို့မဈေးသစ်ကြီးအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ …

Read More »