Daily Archives: September 15, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေဘေးရှောင်ပြည်သူများအတွက် အလှူရှင်များ လာရောက်ထောက်ပံ့ပေးမှုကို လက်ခံခဲ့ပြီး ရေဘေးရှောင်စခန်းများသို့ သွားရောက်အားပေးစကားပြောကြား

FI

စက်တင်ဘာ ၁၅ (ပဲခူး) =================== စက်တင်ဘာလ (၁၅)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က  ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၌ ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဦးဆောင်သော သာကေတမြို့နယ်လုံးဆိုင်ရာ ရေဘေးထောက်ပံ့ကူညီရေးအဖွဲ့မှ   ပဲခူးမြို့နယ်အတွင်းရှိ ရေးဘေးသင့်ပြည်သူများအတွက် ဆန်အိတ်(၁၀၀)နှင့် အလှူငွေကျပ်သိန်း(၁၀၀)လာရောက် လှူဒါန်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တက်ရောက်လက်ခံရယူခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်း ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသော ကျွန်းသာယာရပ်ကွက်ရှိ အနောက်ရွှေနံ့သာကျောင်းတိုက်၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ်ကျောင်းနှင့် အထက(၇)၊ မြို့သစ်(ဂ)ရပ်ကွက်ရှိ ပုညကာရီဆုတောင်းပြည့်စာသင်တိုက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။ ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၂၇)ခု ဖွင့်လှစ်ခဲ့ရာ၊ ယခုအခါ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ စက်တင်ဘာလ (၁၅)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးခစန်း(၇)ခု ပြန်လည်ပိတ်သိမ်းခဲ့ပြီး ကျန်ရှိသော ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂၀)ခုတွင် …

Read More »