Daily Archives: September 16, 2019

ပဲခူးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

FI

စက်တင်ဘာ ၁၆ (ပဲခူး) ============== ပဲခူးမြို့ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ကျွန်ုပ်တို့အားလုံးအနေဖြင့် ဒြပ်ပစ္စည်းများသုံးစွဲမှုကို လျော့ချနိုင်ရေးအတွက် ကန့်သတ်ချက်၊ တားမြစ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းမှ ဖတ်ကြားသည်။ ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်Video Clipအားပြသပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်မှလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကလည်းကောင်း ဆုများပေးအပ်ချီးခဲ့ကြောင်းသိရသည်။ အိုဇုန်းလွှာသည် ကမ္ဘာ့မြေပြင်အထက်(၆)မိုင်မှ (၃၁)မိုင်အတွင်း ကမ္ဘာ့လေထု၏ …

Read More »