Daily Archives: September 17, 2019

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၇ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ၂၀၁၉ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့ မဟာစေတီကန်ကျောင်း ပဓာနနာယဆရာတော် ဘဒ္ဒန္တဥက္ကံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ရွှေတံဆိပ်ဆုရှင် တေးသံရှင် ဝင်းလဲ့ချယ်ရီမှ ဂုဏထုထိတေးထပ်ရတုပိုဒ်စုံတို့ဖြင့် ဘွဲ့ရဆရာတော်ကြီးများအား သီကျူးပူဇော်သည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး …

Read More »