Daily Archives: September 18, 2019

ပဲခူးမြို့တွင် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

FI

စက်တင်ဘာ ၁၈ (ပဲခူး) ================= ပဲခူးမြို့ ဟင်္သာလမ်းရှိ ပဲခူးတိုင်းဒေသကြီး ရိုးရာခြင်းအားကစားရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော်အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီနာယက ဦးတင်ထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးအုန်းမြင့်နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဝင်းတင့်မှ ရိုးရာခြင်းလုံးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲတော်အတွက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်မှ အလှူငွေကျပ်(၅)သိန်းအား ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဌ ဦးမြလွင်ထံသို့ ပေးလှူဒါန်းပြီး ပဲခူးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဝင် ဦးစိန်မြအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မြန်မာ့ရိုးရာခြင်းပွဲတော်ကို ပဲခူးမြို့တွင် …

Read More »

ညောင်လေးပင်မြို့နယ်အတွင်း မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်

FI

စက်တင်ဘာ ၁၈ (ပဲခူး) ====================== စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်အား လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မသန်စွမ်းမှုဖြစ်ပေါ်ရခြင်းသည် မွေးရာပါနှင့် အခြားတစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်ခံစာရသည့် မသန်စွမ်းသူဟူ၍ရှိကြောင်း၊ မိမိတို့သည် မသန်စွမ်းသူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန်၊ အကာအကွယ်ပေးရန်၊ စနစ်တကျ မှတ်ပုံတင်ထားရှိပြီး လိုအပ်သည့် ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန် မွန်မြတ်သည့်စိတ်ဓါတ်ကို အခြေခံပြီး လူသားချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဖြစ်၍ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်များမည့် လုပ်ငန်းများကိုလည်းကောင်း၊ UNICEF မှ …

Read More »