Daily Archives: September 19, 2019

ဝေါမြို့နယ်အတွင်း စက်မှုဥယျာဉ်မြို့တော် တည်ဆောက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြ

FI

စက်တင်ဘာ ၁၉ (ပဲခူး) ========================= စက်တင်ဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဝေါမြို့နယ်အတွင်း စက်မှုဥယျာဉ်မြို့တော် တည်ဆောက်နိုင်ရေး IME Property Co., Ltd မှ ဒါရိုက်တာ ဦးဇော်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ  IME Property Co., Ltd ဒါရိုက်တာ ဦးဇော်မြင့်ထူးက ဝေါမြို့နယ်ဧရိယာအတွင်း ယာဉ်ရပ်နားစခန်း၊ စီးပွားရေးဇုန်၊ စက်မှုဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်၊ ဝန်ထမ်းအိမ်ရာ၊ အဆင့်မြင့်အိမ်ရာများ လျာထားဆောင်ရွက်သွားမည့် စီမံကိန်းဆိုင်ရာအချက်လက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ပနိုင်ငံခြားသားများကိုယ်တိုင် ပဲခူးတိုင်းဒေသကြီးသို့ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသလို ပြည်တွင်းလုပ်ငန်းရှင်များမှလည်း ဆောင်ရွက်ရန် လာရောက်ကမ်းလှမ်းမှုများရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့တွင် စက်မှုဇုန်၊ မြို့ပြအိမ်ရာစသည့် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် …

Read More »