Daily Archives: September 22, 2019

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၂ (ပဲခူး) =============== စက်တင်ဘာလ(၂၂)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သာတူညီမျှခံစားရရှိရေးအတွက် ကြိုးစားဖော်ဆောင်ပေးလျက်ရှိကြောင်း၊ လူမှုရေးပင်စင် ထောက်ပံ့မှုများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်းကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိစေရန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းဖြစ်မှုကို လျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများလည်းရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ သက်ကြီးရွယ်အိုကဏ္ဍ စသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်းများက အားလုံးပူးပေါင်း ကူညီကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မသန်စွမ်းသူများအတွက် အားပေးစကားပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ …

Read More »