Daily Archives: September 23, 2019

ပဲခူးတိုင်းဒေသကြီးအတွင်း ရေပေါ်ဆိုလာစနစ်၊ အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UAC Co., Ltd မှ လာရောက်ရှင်းလင်း

FI

စက်တင်ဘာ ၂၃ (ပဲခူး) ============== စက်တင်ဘာလ (၂၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ရေပေါ်ဆိုလာစနစ်၊ အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UAC Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ UAC Co., Ltd ဥက္ကဋ္ဌ ဦးအောင်ထွေးနှင့် အဖွဲ့ဝင် Dr. Usman Fayaz တို့က လူတွေအသုံးမပြုသော သဘာဝရေပြင်၊ ဆည်/တမံများတွင် ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း၊ အသေးစားရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီမံကိန်းလုပ်ငန်းတိုင်းသည် ပြည်သူကိုဗဟိုပြုသည့် လုပ်ငန်းများဖြစ်၍ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆိုလာစနစ်နှင့် အသေးစား ရေအားလျှပ်စစ် ထုတ်ယူခြင်းကို စစ်တောင်းမြစ်နှင့် နီးစပ်သည့်နေရာတို့တွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု လုံးဝမရှိခဲ့သည့် တစ်နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၃ (ပဲခူး) ============== ပဲခူးမြို့ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ဥဿာကျော်ဟိုတယ်တွင် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု လုံးဝမရှိခဲ့သည့် တစ်နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နိုင်ငံ၏ အဖိုးတန်အမွေအနှစ်ဖြစ်သည့် တောဆင်ရိုင်းများကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံပါဝင်သော မြေပြင်ကင်းလှည့်အဖွဲ့များက နေပူမရှောင်မိုးရွာမရှောင် ဆင်းရဲဒုက္ခခံပြီး ကြိုးပမ်းမှုများကြောင့် ဒေသခံပြည်သူများနှင့် တောဆင်ရိုင်းတွေအကြား ပဋိပက္ခဖြစ်ပွားမှု လျော့ကျခဲ့သည့်အပြင် ဆင်သတ်မုဆိုးများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု လုံးဝမရှိတော့တာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလတွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဖိုးတန် တောဆင်ရိုင်းတွေကို တစ်နှစ်တာအတွင်း အသတ်ဖြတ်ခံရမှုလုံးဝမရှိအောင် ကြိုးပမ်းနိုင်ခဲ့သလို အနာဂတ်မှာလည်း နိုင်ငံ့အဖိုးတန် တောဆင်ရိုင်းတွေကို အတူတကွ ဆက်လက်ပူးပေါင်းကာကွယ်သွားကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက် …

Read More »