Daily Archives: September 27, 2019

ပဲခူးမြို့နယ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

FI

စက်တင်ဘာ ၂၇(ပဲခူး) =================== ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ စက်တင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးမြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီထံလွှဲပြောင်းပေးအပ်သည်။ ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၄”စက်ရေတွင်းများကို အလိုင်နီကျေးရွာနှင့် သရက်ကုန်းကျေးရွာတို့တွင်လည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၄”စက်ရေတွင်းနှင့် မြေသားရေကန်တို့ကို ပေါက်တောကျေးရွာ၊ မလွှကုန်းကျေးရွာ၊ ကျုံးရိုးကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် ကျောက်လုံးကြီးကျေးရွာများတွင်လည်းကောင်း ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားကန်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သဖြင့် စက်ရေတွင်းနှင့် မြေသားရေကန်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာကျေးရွာကော်မတီများထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း …

Read More »

ရေတာရှည်မြို့နယ် လွတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

စက်တင်ဘာ ၂၇ (ရေတာရှည်) ===================== စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်(၇)နာရီအချိန်က ရေတာရှည်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားဆိုင်းဘုတ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်အလုပ်အမှုဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်နိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် မိမိတို့၏ ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်လာရောက် တင်ပြနိုင်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုအရ အပြုသဘောဖြင့် ဆွေးနွေးအကြံပြုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တစ်ဘက်တစ်လမ်းမှ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်မည့် အဆောက်အအုံတစ်ခု ဖွင့်လှစ်ပေးခဲ့ရခြင်းကို အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ …

Read More »