Daily Archives: September 29, 2019

ကျောက်ကြီးမြို့တွင် လူထုတွေဆုံပွဲ ကျင်းပပြုလုပ်

FI

စက်တင်ဘာ ၂၉ (ကျောက်ကြီး) ==================== စက်တင်ဘာလ (၂၉)ရက်နေ့၊ နံနက်ပိုင်းက ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ မြို့တွင်းကျောင်း၊ အဂ္ဂဇေယျဗိမာန်၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်ကာလ အချိန်အခါအရ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသည် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနိမ့်ကျခဲ့ရပြီး တည်ငြိမ်အေးချမ်းမှုများ အားနည်းခဲ့ရကြောင်း၊ ယခုအခါ မိမိတို့အစိုးရသည် နယ်မြေဒေသ ခွဲခြားမှုမရှိပဲ တစ်ပြေးညီ တည်ငြိမ်အေးချမ်းနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် အခြားမြို့ပြများနှင့်မတူ နိမ့်ကျနေသည့် ဒေသများရှိ ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများကို ဦးစားပေး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍လည်း ပြည်သူများအကြား အကြောက်တရား ကင်းရှင်းစေရန်၊ ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိနားလည်ကာ ပြုပြင်ပြောင်းလဲမှုကို မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲကြပြီး …

Read More »