Home / 2019 / October

Monthly Archives: October 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

8E36C5E1-0095-4C02-A773-C05C5B20A2FA

အောက်တိုဘာ ၃၁ (ရေတာရှည်) ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၃၁)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးမှ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခဲ့မှုအခြေအနေ၊ ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအခြေအနေနှင့် အိမ်ရာတွင် ဝန်ထမ်းများထားရှိမည့် အခြေအနေများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ မြို့နယ်အဆင့် ဦးစီးဌာနဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်တွင် နောက်ထပ်လုံးနှင့် ဘဏ္ဍာနှစ်အလိုက် အိမ်ရာ(၆)လုံးပြည့်မီအောင် ဆက်လက်တည်ဆောက် ပေးသွားမည်ဖြစ်သည့်အပြင် အိမ်ရာနေဝန်ထမ်းများ လူသုံးကုန်ပစ္စည်းများနှင့် …

Read More »

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၃၁ (ရေတာရှည်) =================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စု/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြိုနယ်၊ ဆွာချောင်းရေလှောင်တမံနှင့် ရေပိုလွှဲအသစ် တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် မှ ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတမှ လိုအပ်သည်များ လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်

FI

အောက်တိုဘာ ၃၁(ရေတာရှည်) ======================= ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာတွင် အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျွန်တောစုကျေးရွာမုခ်ဦးရှေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA) ဥက္ကဌ ဦးရှိန်ဝင်းနှင့် ရေတာရှည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က ကျေးရွာဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကျွန်းတောစုကျေးရွာဆိုင်းဘုတ်အား ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးကြသည်။ ယင်းနောက် ဒုတိယပိုင်းအခမ်းအနား အစီအစဉ်ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ …

Read More »

ဝန်ကြီးချုပ်ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်သို့ရောက်ရှိ

FI

အောက်တိုဘာ ၃၀ (ရေတာရှည်) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၃၀)ရက်နေ့ ညနေ(၅:၃၀)နာရီအချိန်က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူ ဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ သွားရောက်ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

NTL

အောက်တိုဘာ ၃၀ (နတ်တလင်း) ================== နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————————

Read More »

ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

PD

အောက်တိုဘာ ၃၀ (ပန်းတောင်း) ================== ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————————-

Read More »

ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

PK

အောက်တိုဘာ ၂၉ (ပေါက်ခေါင်း) ============ ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ရုံးမြေနေရာဝယ်ယူခြင်းနှင့် ရုံးသုံးစက်ပစ္စည်း ဝယ်ယူခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————

Read More »

အာဆီယံပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန်(၂၂၉.၅၂)တန် လာရောက်လှူဒါန်း

FI

အောက်တိုဘာ ၂၉ (ပဲခူး) ============= ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများအတွက်အာဆီယံပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန်(၂၂၉.၅၂)တန် လာရောက်လှူဒါန်းခြင်း အခမ်းအနားအား အောက်တိုဘာလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရာသီဥတုပြောင်းလဲမှုကြောင့်  ကမ္ဘာ့နိုင်ငံအနှံအပြားတွင် သဘာဝဘေးအန္တရာယ်များခံစားနေကြရပြီး မိမိတို့နိုင်ငံ၌လည်း ကြုံတွေ့ခံစားနေကြရကြောင်း၊ ဒီလိုအခြေအနေများတွင် တစ်ဘက်တစ်လမ်းမှ အာစီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ လာရောက်ထောက်ပံ့လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ အာစီယံအပေါင်း(၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ Apterr အတွင်းရေးမှူးရုံး အကြီးအကဲ Mr. Chanpithya က ဆန်ထောက်ပံ့လှူဒါန်းပေးရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း …

Read More »

ရေတာရှည်မြို့နယ်ခန်းမအတွင်း လိုအပ်ချက်ရှိသော စက်ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရေး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

YTS

အောက်တိုဘာ ၂၉ (ရေတာရှည်) ================== ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေတာရှည်မြို့နယ်ခန်းမအတွင်း လိုအပ်လျက်ရှိသော စက်ကိရိယာ(၁၀)မျိုး၊ ပရိဘောဂ(၉)မျိုးနှင့် ခန်းစီး၊ လိုက်ကာ (၁၁)မျိုးတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်− အပြည့်အစုံကြည့်ရှုရန်—————————-

Read More »

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈) ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်

FI

အောက်တိုဘာ ၂၉ (ပဲခူး) ================= ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာတွင် အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်၊ ရှမ်းရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး စာကြည့်တိုက်အလှူရှင် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်က စာကြည့်တိုက်ဆောက်လုပ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်အလံများအား ဝန်ကြီးချုပ်နှင့် အလှူရှင် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်တို့အား ရှမ်းရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းနှင့် စာကြည့်တိုက်ကော်မတီ ဥက္ကဌတို့က …

Read More »