Home / 2019 / October / 01

Daily Archives: October 1, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်း၌လမ်း/တံတားများတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၁ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၁)ရက်နေ့၊ ညနေ(၄:၃၀)နာရီအချိန်က ပဲခူးမြို့တွင်း၌ လမ်း/တံတားများတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပဲခူးမြို့၊ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အဝင်လမ်း ကွန်ကရစ်ခင်းနေမှုနှင့် (၆)ထပ်စုပေါင်းရုံးဆောက်လုပ်နေမှုတို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းကလည်းကောင်း၊ (၆)ထပ် စုပေါင်းရုံး ဆောက်လုပ်မှုနှင့်ပတ်သက်၍ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။ ပဲခူးမြို့၊ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အဝင်လမ်းအား အရှည်(၃၁၀၀)ပေ၊ အကျယ်(၂၈)ပေ၊ ထု (၈)လက်မဖြင့် ကွန်ကရစ်လမ်းအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၉၄.၅) သန်းဖြင့် ပဲခူးတိုင်းဒေသကြီးလမ်းဦ:စီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းမှ တံတားဆောက်လုပ်နေသည့် အနေအခြေအသေးစိတ်ကိုရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁ (ပဲခူး) ============================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးသည့် ဆောင်ပုဒ်သည် အသက်ကြောင့်မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည် ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့်လည်း သက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” …

Read More »

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

FI

အောက်တိုဘာ ၁ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှချမှတ်ထားသည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာစောင့်သိမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှု စသည့်စံ(၅)ရပ်ကိုလက်ကိုင်ထားပြီး ဆောင်ရွက်သွားကြရန်၊ ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ပြည်သူလူထုအခြေပြု ရဲလုပ်ငန်းစနစ်ကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒါမှသာပြည်သူများ ယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ကြီးအဖြစ် ဝင့်ထယ်စွာနေရာယူလာနိုင်မှာဖြစ်ကြောင်း၊ သစ္စာ၊ သမာဓိ၊ သတ္တိ ပြည့်ဝသည့် တပ်ဖွဲ့ဖြစ်သည်နှင့်အညီ မိမိတို့၏လုပ်ပိုင်ခွင့်များ၊ ဥပဒေများနှင့် ပြည်သူလူထုကို ကာကွယ်ပေးကြရန် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရဲချုပ်ထံမှပေးပို့သည့် သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုး၊ ယာယီရဲမှုးချုပ်မြင့်ဦးက ဖတ်ကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းဖြစ်စဉ်များအပေါ် အချိန်တိုကာလအတွင်း စွမ်းစွမ်းတမံ …

Read More »