Home / 2019 / October / 02

Daily Archives: October 2, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

FI

အောက်တိုဘာ ၂ (ဘုရားကြီး) ====================== ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက် စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၆/၂၀၁၉) သင်တန်းဖွင့်ပွဲအား အောက်တိုဘာလ (၂)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြနှင့် ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်ကဏ္ဍသည် အလွန်အရေးကြီးလျက်ရှိကြောင်း၊ လျှပ်စစ်လုပ်ငန်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပိုမိုအသုံးဝင်လာမည်ဖြစ်ပြီး လုပ်ငန်းခွင်သင်တန်း ကျွမ်းကျင်လာသည်နှင့်အမျှ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ ဒုတိယအဆင့်(ပြင်ပ)ကို သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ထောက်ခံချက်ဖြင့် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ယင်းလက်မှတ် ရရှိလာပါက အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတတ်ရောက်စဉ်ကာလအတွင်း စည်းကမ်းရှိစွာ အန္တရာယ်ကင်းကင်းဖြင့် အောင်မြင်စွာတတ်မြောက်နိုင်ရန် ကြိုးစားကြစေလိုကြောင်းနှင့် မိမိဒေသများသို့ ပြန်လည်ရောက်ရှိပါက လျှပ်စစ်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

1

စက်တင်ဘာ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများဖြစ်သည့် ရေနုတ်မြောင်းတူးဖော်ခြင်း၊ ချောင်းကော၊ မြောင်းကော တူးဖော်ခြင်း၊ တာပုံစံကျ ပြုပြင်ခြင်း၊ ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်းရိုက်ခြင်းလုပ်ငန်းနှင့် ချောင်းပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းများအား တင်ဒါပုံစံဖြင့် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read More »