Home / 2019 / October / 03

Daily Archives: October 3, 2019

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အသင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးအသင်းတို့ ခြေစမ်းပွဲအဖြစ် ဘောလုံးယှဉ်ပြိုင်ကစား

FI

အောက်တိုဘာ ၃ (ပဲခူး) ________ __ _____ ______ ပဲခူးမြို့ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ အောက်တိုဘာလ(၃)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အသင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးအသင်းတို့ ခြေစမ်းပွဲအဖြစ် ဘောလုံးယှဉ်ပြိုင်ကစားကြသည်။ ရှေ့ဦးစွာ နှစ်ဘက်ဘောလုံးအသင်းမှ အားကစားသမားများနှင့် ဒိုင်လူကြီးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လိုက်လံနှုတ်ဆက်အား ပေးစကားပြောကြားပြီး ဘောလုံးကွင်းအတွင်းသို့ ဘောလုံးကန်၍ ဘောလုံးပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အသင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးအသင်းတို့ ခြေစမ်းပွဲအဖြစ် ဘောလုံးယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအသင်းမှ (၇:၂)ဂိုးဖြင့် အနိုင်ရရှိသွားပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဘောလုံးအသင်းနှစ်သင်းအတွက် ငွေကျပ်(၃)သိန်းအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အသင်းတွင် ဝန်ကြီးများနှင့် အစိုးရအဖွဲ့ရုံးဝန်ထမ်းများပါဝင်ပြီး တိုင်းဒေသကြီးလွှတ်တော်ရုံးအသင်းတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ ပါဝင်ကာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ အဆင့်မြင့် မြေသားလမ်းများ ဖောက်ဆောင်နိုင်ရေး Guangxi Wanmuju Energy Investment Co., Ltd မှ လာရောက်တွေ့ဆုံ

FI

အောက်တိုဘာ ၃ (ပဲခူး) ==================== အောက်တိုဘာလ (၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က အဆင့်မြင့်မြေသားလမ်းများ ဖောက်လုပ်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့အခြေစိုက် Guangxi Wanmuju Energy Investment Co., Ltd မှ Director Mr. Henry Yap ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းဒေသကြီးအတွင်း အဆင့်မြင့်မြေသားလမ်းများ ဖောက်လုပ်နိုင်ရေး နည်းပညာ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြေသားလမ်း တစ်ခုချင်းစီအလိုက် (၁)မိုင် ကုန်ကျစရိတ် အသေးစိတ် တွက်ချက်တင်ပြရန်နှင့် အသုံးပြုသွားမည့် ဓာတုပစ္စည်းများအား နမူနာအဖြစ် ပေးပို့ပါရန် ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Guangxi Wanmuju Energy …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၃ (ပဲခူး) ================= အောက်တိုဘာလ (၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုထိုက်သူ၊ ချီးမြှင့်ထိုက်သူကို ထိုက်တန်သော ဆုလက်မှတ်နှင့် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်လည်း ညီညွှတ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်း(၁)ဦးနှင့် ပြင်ပပုဂ္ဂိုလ်(၁)ဦး တို့အား ချီးမြှင့် ပေးခြင်းဖြစ်သော်လည်း အခြားဂုဏ်ပြုထိုက်သူများလည်း ရှိနေသေးမှာဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးတွင် ယခုထက်များပြားသော အရေအတွက်ကို ဂုဏ်ပြုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဂုဏ်ပြုထိုက်သူကို ရွေးချယ်တင်ပြရာတွင် ပါဝင်ရမည့် အချက်အလက်များ ပြည့်စုံမှန်ကန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူမျိုး/ဘာသာ မခွဲခြားပဲ နိုင်ငံတော်အကျိုး၊ …

Read More »