Home / 2019 / October / 04

Daily Archives: October 4, 2019

ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ ရွာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၄ (ပြည်) ======================= ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၄)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ ရွာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ မွန်းလွဲ(၁:၁၅)မိနစ်အချိန်တွင် အဆိုပါဘုန်းတော်ကြီးကျောင်း  ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုနှင့်ဌာနဆိုင်ရာအကြား ဖြစ်ပေါ်နေသည့် အုပ်ချုပ်ရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်နှင့် ကွဲပြားနေမှုကို မခွဲခြားပဲ တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည် အတူတကွ လက်တွဲဆောင်ရွက်နိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်းကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းနှင့် ဆက်လက်ဆောင်ရွက်နေသည့် ဥပဒေကြမ်းများနှင့် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မှော်ဇာကျေးရွာ စိုက်ပျိုးရေရရှိရေး၊ မှုတ်ရှည်ကျေးရွာအုပ်စုအတွင်းရှိ …

Read More »

လူထုနှင့်အစိုးရကြား ပေါင်းကူးတံတားတစ်ခုအဖြစ် အသွင်သဏ္ဍာန်ဆောင်သည့် လူထုတွေ့ပွဲဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြောကြား

FI

အောက်တိုဘာ ၄ (ပန်းတောင်း) ================= ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ (၄)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ လက်ပံကျေးရွာ၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများသည် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် ပြုလုပ်ရမည့် ကိစ္စတစ်ခုဖြစ်ပြီး ပြည်သူနှင့် အစိုးရကြား ပေါင်းကူးတံတားတစ်ခု တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း၊ အစိုးရမှ ဘာတွေလုပ်နေတယ်၊ လွှတ်တော်ကလည်း ဘာတွေဆောင်ရွက်နေပြီ၊ ပြည်သူများဘက်မှလည်း ဘာတွေလိုအပ်ချက်ရှိနေတယ်ဆိုတာ ဒီလိုလူထုတွေ့ဆုံပွဲတွေမှာ ပွင့်ပွင့်လင်းလင်း တင်ပြနိုင်မည်ဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲ များများလုပ်ခြင်းဖြင့် အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာ၊ ပြည်သူလူထု ပိုမိုရင်းနှီးပြီး ယုံကြည်မှုရှိစွာ ရေရှည်လက်တွဲ၍ စုပေါင်းတစ်ရပ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက လက်ပံကျေးရွာ လျှပ်စစ်မီးရရှိနိုင်ရေး (၁၁)ကေဗွီ ဓါတ်အားလိုင်း (၃၀၀၀)ပေ တည်ဆောက်ပေးရန်၊ (၁၁/၀.၄) ကေဗွီအေ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင်တွင် Food And Drug Administration (FDA) ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၄ (ပြည်) ============== အောက်တိုဘာလ (၄)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်ခရိုင်တွင်  Food And Drug Administration (FDA) ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက FDA ရုံးသည် ပြည်သူများ၏ ကျန်းမာရေး၊ အချို့စီးပွားရေးသမားတို့၏ ဝိသမလောဘကြောင့် မှတ်ပုံမတင်ထားသည့် အစားအသောက်၊ ဆေးဝါးများမှကို စနစ်တကျ ဓါတ်ခွဲစမ်းသပ်ခြင်း၊ အန္တရာယ်ရှိသော အစားအသောက်စာရင်းများ ထုတ်ပြန်ခြင်း၊ ဖျက်စီးခြင်းလုပ်ငန်းကို အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်ဘက်ကလည်း ရွေ့ပြောင်းဓါတ်ခွဲစမ်းသပ်နိုင်သည့် ကားများဖြင့် စျေးများ၊ ဆေးဆိုင်များ၊ စားသောက်ဆိုင်များကို အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရန်၊ ဒါမှလည်း ယုံကြည်စိတ်ချရသော အစားအသောက်များကို ပြည်သူများ …

Read More »