Home / 2019 / October / 05

Daily Archives: October 5, 2019

အခြေခံပညာရေးစနစ် စတင်ပြောင်းလဲနေပြီဖြစ်၍ လူကြီးများကိုယ်တိုင်လည်း လိုက်ပါပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

အောက်တိုဘာ ၅ (နတ်တလင်း) ================= အောက်တိုဘာလ(၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာ၊  သစ်ချို(မျိုးသန့်ခြံ) ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု စနစ်တကျ ဖြစ်ပေါ်လာရန် ပညာရေစနစ် ကောင်းမွန်မှသာ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း၊ ပညာစနစ်ကိုလည်း ယခင်က အလွတ်ကျက် အသေမှတ်စနစ်မှ အဖြေတစ်ခုကို ပူးပေါင်းဆွေးနွေး အဖြေထုတ်တတ်သည့် တစ်နည်းအားဖြင့် အတွေးအခေါ်ကို အခြေပြုသည့် ပညာရေးစနစ်အဖြစ်တစ်ခုဖြစ်ရန် စတင်ကြိုးစား သင်ကြားပေးလျက်ရှိကြောင်း၊ ဒီနေရာမှာ ကလေးငယ်များကို စတင်ပြောင်းလဲပေးနေသလို လူကြီးများကိုယ်တိုင်ကလည်း ခေတ်ကာလနှင့်အညီ လူနေမှုပုံစံ၊ အတွေးအခေါ် အယူအဆပုံစံများကို ဒီမိုကရေစီစနစ်နှင့်ကိုက်ညီစွာ ပြုပြင်ပြောင်းလဲကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှသာ အနာဂတ်အတွက် လုံခြုံအေးချမ်းသော နေပျော်ဖွယ်ကောင်းသော လူယဉ်ကျေးမှု အသိုက်အဝန်းတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီအနေရာများ အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုကြီး …

Read More »

မတူညီမှုများကို ခွဲခြားမှုမရှိဘဲ စုပေါင်းအင်အားတစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြောကြား

71678314_812647382484191_7416744647097057280_n

အောက်တိုဘာ ၅ (ရွှေတောင်) ================= အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရွှေတောင်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ပေါက်ပင်ကွေ့ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး အစွန််းရောက်မှုကြောင့် ခွဲခြားမှုများဖြစ်ပေါ်ခဲ့ရပြီး လူတစ်ဦးချင်းစီ ယုံကြည်မှု လျော့နည်းကာ ခိုင်မာအားကောင်းသော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် အားနည်းခဲ့ရကြောင်း၊ ဒီအခြေအနေတွေကြောင့် ခေတ်အဆက်ဆက် လူတန်းစားအလိုက်၊ လူမျိုးအလိုက်၊ ဘာသာအလိုက် ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးလို့မရတော့ဘဲ အစိုးရကို ဆန့်ကျင်သည့်ပုံစံမျိုး ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏ အဓိကကျသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ ဒီမြေမှာနေ၊ ဒီရေကိုသောက်ပြီး ဘယ်လိုပင် ကွဲပြားနေပါစေ မခွဲခြားဘဲ စုပေါင်းအင်အားတစ်ရပ်နေနဲ့ မိမိတို့အစိုးရနှင့်အတူ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မကြာသောကာလတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် …

Read More »

ဗိုလ်ချုပ်အောင်ဆန်း ခေတ္တတည်းခိုခဲ့သော ဇရပ်ပြန်လည်ပြုပြင်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုစစ်ဆေး

1

အောက်တိုဘာ  ၅ (ပြည်) ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပြည်မြို့နယ်၊ ရွှေနတ်တောင်ဘုရားသို့  သွားရောက်ဖူးမျှော်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေတ္တစခန်းချတည်းခိုခဲ့သော ဦးချင်+ဒေါ်ဧရှင်ဇရပ် ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သမိုင်းတန်ဘိုး အလွန်ကြီးမားသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးပိသုကာကြီး ခေတ္တစခန်းချတည်ခိုခဲ့သော နေရာဖြစ်၍ ရှေးမူမပျက် ပြန်လည်ပြုပြင်ရာတွင် တာဝန်ရှိသူများအားလုံး အထူးသတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ နောင်လာနောင်သားများအတွက် လွပ်လပ်ရေးသမိုင်းဝင် အဓိကနေရာတစ်ခုဖြစ်သည်ကို သိရှိနိုင်စေရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကော်မတီဖွဲ့စည်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တစခန်းချ တည်းခိုခဲ့သော ဦးချစ်+ဒေါ်ဧရှင် ဇရပ်အား ပြန်လည်ပြုပြင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်(၁၇၅)သိန်း ထောက်ပံ့ပေးအပ်ထားကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၅ (ပဲခူး) ===================== ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် အောက်တိုဘာလ(၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လက်အောက်ခံအများ၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်က ဖတ်ကြားသည်။ ထို့နောက် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဆရာများသို့” သီချင်းဖြင့် တေးသရုပ်ဖော် တင်ဆက်ဖျော်ဖြေကြပြီး ၂၀၁၉ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အလှူရှင်များအား ပဲခူးတိုင်းဒေသကြီး လွှတ်တေည်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိများက ဂုဏ်ပြုဆုများ …

Read More »