Home / 2019 / October / 06

Daily Archives: October 6, 2019

ပညာဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှသာ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါက်ပေါက်လာရန် အထောက်အကူဖြစ်နိုင်ကြောင်း သာယာအေးကျေးရွာ၌ လူထုတွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းပြောကြား

FI

အောက်တိုဘာ ၆ (သာယာဝတီ) ============ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေစသည်တို့ ဘက်ညီမျှတစွာ အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲနေသလို အဓိကအားဖြင့် ဒီမိုကရေစီ၏ ရေသောက်မြစ်ဖြစ်သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာ မည်မျှပင်တိုးတက်စေကာမူ အချိန်ကာလ တစ်ခုရောက်လျှင် ပျက်စီးသွားတက်ကြောင်း၊ ပညာဉာဏ်ဖြင့်  စဉ်းစားတွေးခေါ်တတ်မှု၊ ပေါင်းစုအင်အားဖြင့် စည်းရုံးဆောင်ရွက်တတ်မှုတို့သည် တိုင်းပြည်အတွက် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် ပညာမြင့်မှ လူမျိုးတင့်မည်ဆိုသည့် ဆောင်ပုဒ်အတိုင်း တိုးတက်ပြောင်းလဲလာသော ခေတ်ကာလနှင့်အညီ ဒီမိုကရေစီ စံနှုန်းနှင့်ကိုက်ညီသော ပညာရေးစနစ်ကို စတင်မြှင့်တင်ပေးလျက်ရှိကြောင်း၊ ဒီနေရာမှာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ နေထိုင်မှုစရိုက်တွေ၊ စဉ်းစားတွေးခေါ်မှုတွေကို ပြောင်းလဲနိုင်မှသာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဂုံမင်းမြောင်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

6

အောက်တိုဘာ ၆ (သာယာဝတီ) ============ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်  အောက်တိုဘာလ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများ၏ ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်  ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ အာဏာဝါဒ တစ်နည်းအားဖြင့် အထက်မှဖိနှိပ်မှု လျော့ချနိုင်ရန်၊ မိမိတို့အစိုးရအနေဖြင့် ပြဿနာတစ်ရပ်ကို အတူစုပေါင်းပြီး လောကပါကတရားနှင့်အညီ မေတ္တာတရားကို အခြေခံပြီး ပညာဉာဏ်ဖြင့် ဖြေရှင်းဆောင်ရွက်တတ်သည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့အစိုးရနှင့်အတူ ဒီမိုကရေစီ၏ အနှစ်သာရကို နားလည်လက်ခံပြီး လိုက်ပါပြောင်းလဲကြမှသာ အနာဂတ်လူငယ်များအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အမွေပေးခဲ့နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဂုံမင်းမြောင်ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်ရှိ အစိုးရပိုင်မြေအား ဧရိယာတိတိကျကျ နယ်နိမိတ်သတ်မှတ်ပေးရန်၊ ခလရ(၃၅)တပ်ဘေးရှိ စွန့်လွှတ်မြေဧရိယာ (၃၀၀)ဧက …

Read More »