Home / 2019 / October / 08

Daily Archives: October 8, 2019

ပဲခူးမြို့တွင် ယူနီကုတ် အခမဲ့ပြောင်းလဲလုပ်ဆောင်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုအားပေး

FI

အောက်တိုဘာ ၈ (ပဲခူး) ==================                 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၈)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က တာဝန်ရှိသူများနှင့် ပဲခူးမြို့ သနပ်ပင်လမ်း၊ လိပ်ပြာကန်အနီး သံဇူဇယ်ခရစ်ယာန် ရဟန်းဖြစ်သင်ကျောင်းအနီးရှိ ယာဉ်ရပ်နားရာနေရာတွင် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ကွန်ပျူတာပညာရှင်အသင်းတို့မှ ဦးဆောင်ပြီး ပဲခူးမြို့ပေါ်ရှိ ပြည်သူများအား ယူနီကုတ် ကူးပြောင်းခြင်းလုပ်ငန်းစဉ် အသိပညာပေးခြင်း၊ ယူနီကုတ်ကူးပြောင်းမှု (အခမဲ့) ဝန်ဆောင်မှုပေးခြင်းများ လုပ်ဆောင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ယူနီကုတ် ကူးပြောင်းခြင်းလုပ်ငန်းစဉ် အသိပညာပေးခြင်း၊ ယူနီကုတ်ကူးပြောင်းမှု (အခမဲ့)ဝန်ဆောင်မှုပေးခြင်းအား အောက်တိုဘာလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ (၁၁)နာရီအထိ၊ ညနေ(၃)နာရီမှ(၆)နာရီအထိ တစ်နေ့လျှင်(၂)ကြိမ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး စတင် ဝန်ဆောင်မှု ပြုလုပ်ပေးသည့် အောက်တိုဘာလ(၆)ရက်နေ့ (ပထမ)နေ့တွင် မိုလ်ဘိုင်းဖုန်းအလုံး(၉၀၀)၊ (၇)ရက်နေ့ (ဒုတိယနေ့တွင်)အလုံး (၉၅၀)၊ (၈)ရက်နေ့ တတိယမြောက်နေ့တွင် အလုံး(၉၈၈)လုံး လာရောက်လုပ်ဆောင်ကြကြောင်း သိရသည်။ …

Read More »