Home / 2019 / October / 10

Daily Archives: October 10, 2019

ဒီမိုကရေစီပညာရေးစနစ်သည် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးကြောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းလမ်းညွှန်မှာကြား

FI

အောက်တိုဘာ ၁၀ (ပဲခူး) ======================= အောက်တိုဘာလ (၁၀)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းနေအရွယ်ကလေးငယ်များသည် အနာဂတ်အတွက် အလွန်ရေးပါမည့် ခေါင်းဆောင်ငယ်များပင်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်၍ မတူကွဲပြားမှု၊ ခြားနားမှုတွေကို စဉ်းစားနေရန်မလိုတော့ပဲ အတူပူးပေါင်းပြီး တိုင်းပြည်အတွက် ကောင်းမွန်သောပညာရေးအင်အားတစ်ရပ်ကို ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စဉ်းစားတွေးခေါ်မှု၊ အတူပူးပေါင်းအဖြေရှာတတ်သော ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကို ရရှိခံစားနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံဦးဆောင်မှုဖြင့် ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အတ္တနှင့်အဂတိကင်းပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ကြရန်၊ အနာဂတ်ကလေးငယ်များအတွက် မိဘသည် ရှေ့ဦးဆရာဖြစ်ပြီး ယခင်ကလို အတုယူမမှားကြစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်သည် တိုင်းပြည်အတွက် အသက်တမျှအရေးကြီးပြီး မိဘ၊ ဆရာ၊ …

Read More »

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Bago

အောက်တိုဘာ ၁၀ (ပဲခူး) ================ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွက် ပဲခူးမြို့တွင်း စည်ပင်သာယာရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အပြည့်အစုံကြည့်ရှုရန်———————–

Read More »

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

FI

အောက်တိုဘာ ၁၀ (ပဲခူး) ===================== အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀ခုနှစ်တွင် ကာကွယ်ကုသ၍ရသည့် မျက်စိရောဂါများ လျော့နည်းပပျောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဆေးရုံကြီးများ၊ မျက်စိကုဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများအပြင် ပြည်သူလူထုတစ်ရပ်လုံးက တက်ညီလက်ညီပူးပေါင်းကာ အရှန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း မျက်စိကျန်းမာရေးကို အလေးထား စမ်းသပ်စစ်ဆေးမှုခံယူကြရန် အဖွင့်အမှာစကား ပြောကြားပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့်သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ဖတ်ကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

FI

အောက်တိုဘာ ၁၀ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများ၊ ကျပ်(၁၀)သန်းမှ ကျပ်သန်း(၁၀၀)အထိ လုပ်ငန်းများနှင့် တည်ဆောက်ရေးပစ္စည်း ဝယ်ယူခြင်းအပေါ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် အပြည့်အစုံကြည့်ရှုရန်————–

Read More »