Home / 2019 / October / 19

Daily Archives: October 19, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

အောက်တိုဘာ ၁၉ (ထန်းတပင်) ====================== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၁၉)ရက်နေ့၊ မွန်းလွဲ(၁:၃၀) နာရီအချိန်က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ၊ နှင်းယွန်းဇေတဝန် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇရပ်ကြီးကျေးရွာ နှင်းယွန်းဇေတဝန်ကျောင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းအတွင်းရှိ ရှေးဟောင်းရုပ်ပွားတော်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆင်စွယ်ဖြင့်ပြုလုပ်ထားသည့် ရှေးဟောင်းကမ္မဝါစာတို့ကို ကြည့်ရှု့လေ့လာခဲ့ကြသည်။ ထို့နောက် ဒေသခံများနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့အစိတ်စိတ် အမွှာမွှာကွဲနေသာ လူအဖွဲ့အစည်းသည် ဘာသာစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲများကြောင့်သာဖြစ်ကြောင်း၊ ဒီလိုမတူကွဲပြားမှုတွေကို စုစည်းပြီး အားလုံးပါဝင်သော စုပေါင်းအင်အားဖြင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေပဲ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘယ်အရာပဲဖြစ်ဖြစ် မေတ္တတရားထားပြီး အတ္တပရမျှတအောင် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၄)ကြိမ်မြောက် ကယားလီဖုစုပေါင်းအဲ့ဒိုပေါ်မီပွဲတော် အခမ်းအနား တက်ရောက်

FI

အောက်တိုဘာ ၁၉ (ထန်းတပင်) ==================== ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အင်းကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲဝန်းအတွင်း၌ အောက်တိုဘာလ(၁၉)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က (၄)ကြိမ်မြောက် ကယားလီဖုစုပေါင်း အဲ့ဒိုပေါ်မီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် ကယားအမျိုးသားအလံအား တက်ရောက်လာသူအားလုံးက အလေးပြုကြပြီး ဆရာဦးစောမြထူးမှ အဖွင့်ဆုတောင်းခြင်းပြုလုပ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းက ယခုကျင်းပသည့် အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးများ၏ အလွန်အရေးပါသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သလို ကယားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်လည်း ဆက်စပ်လျက်ရှိ ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တိုင်းသည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့လူမျိုး၊ မိမိတို့ရိုးရာ၊ မိမိတို့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြသလို တိုင်းပြည်၏ အပြောင်းအလဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက်ရောက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယားလူမျိုးကိုယ်စားလှယ်များအားလုံး စိတ်နှလုံးအေးချမ်းပါစေကြောင်း …

Read More »