Home / 2019 / October / 22

Daily Archives: October 22, 2019

လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

LPT

အောက်တိုဘာ ၂၂ (လက်ပံတန်း) ========================= လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ ထန်းတောကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

အောက်တိုဘာ ၂၂ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၂)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့နယ်၊ ထန်းတောကြီးကျေးရွာ၊ မဟာရာမကျောင်းတိုက်၌ ပြည်သူများ၏လိုအပ်ချက်များနှင့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အစိုးရနှင့်ပြည်သူကြား နားလည်မှုကွဟချက်များ၊ ပြည်သူများနှင့် ဌာနဆိုင်ရာများကြား ကြုံတွေ့နေရသည့် အခက်အခဲများကို အောက်ခြေပြည်သူလူထုထံ တိုက်ရိုက်လာရောက်ပြီး မိသားစုသဏ္ဍာန် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဝင်းလှိုက်ကြီး-ပေပင်ခုံ-ထန်းတောကြီး ကျေးရွာချင်းဆက်လမ်းအား ဂဝံလမ်းအဖြစ် အဆင့်မြှင့်ပေးရန်၊ ပဲခူးမြစ်ကူးတံတား(ထန်းတောကြီး) တည်ဆောက်ပေးရန်၊ ဆည်ရေဖြင့် နွေးစပါးစိုက်ပျိုးနိုင်ရေး တူးမြောင်းတူးဖော်ပေးရန်၊ ကျေးရွာမြေတိုးချဲ့ပေးရန်၊ ထန်းတောကြီးတိုက်နယ်ဆေးရုံတွင် အမြဲတမ်းဆရာဝန်ချထားပေးရန်၊ ထန်းတောကြီးကျေးရွာမှ ဆက်သွယ်ထားသော ဘောနတ်ကြီး-ဇောင်းတူလမ်းအား ကွန်ကရစ်လမ်းခင်းပေးရန်၊ ကျေးရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးအဆောက်အဦ …

Read More »

ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ST

အောက်တိုဘာ ၂၂ (ရွှေတောင်) ========================= ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတား(၂၃)ခုအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ် အေးသုခကျေးရွာရှိပြည်သူများနှင့်တွေ့ဆုံ

FI

အောက်တိုဘာ ၂၂ (ဒိုက်ဦး) ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ဒိုက်ဦးမြို့နယ် အေးသုခကျေးရွာ မြို့ဦးကျောင်းတိုက် သန္တိသုခဓမ္မာရုံတွင် ပြည်သူများ၏ ကြုံတွေ့နေရသော အခက်အခဲပြဿနာများအား ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရေစီအပြောင်းအလဲကာလမှာ ဌာနဆိုင်ရင်ဘဲဖြစ်ဖြစ်၊ ပြည်သူဘဲဖြစ်ဖြစ် မိမိတို့ကိုယ်တိုင် ဘယ်အခန်းကဏ္ဍမှာ ပါဝင်နေလဲ၊ ဘယ်လိုပါဝင်ဆောင်ရွက်ရမှာလဲ ဒါတွေကို သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကတော့ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မတူညီမှုတွေကို ရှေ့တန်းမတင်ဘဲ မေတ္တာတရားကိုအခြေခံကာ ယုံကြည်မှုတည်ဆောက်ပြီး အတူတူ ပူးပေါင်းဆောင်ရွက်မှသာ ကောင်းမွန်သော အရွေ့တစ်ခုကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ပြည်သူများမှလည်း  မိမိတို့ဒေသ၏ လိုအပ်ချက်များ၊ မြေယာအငြင်းပွားမှုများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …

Read More »

အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

OP

အောက်တိုဘာ ၂၂ (အုတ်ဖို) ========================= အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတား(၂၃)ခုအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

KW

အောက်တိုဘာ ၂၂ (ကဝ) ========================= ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံး ပစ္စည်းများတို့အတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ကလေးလုပ်သားစစ်တမ်း (၂၀၁၉-၂၀၂၀) ကောက်ယူနိုင်ရေးအတွက် ရှေ့ပြေးစစ်တမ်း ကောက်ယူခြင်း သင်တန်းဖွင့်ပွဲကျင်းပ

FI

အောက်တိုဘာ ၂၂ (ပဲခူး) ======================== ပဲခူးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကလေးလုပ်သားစစ်တမ်း (၂၀၁၉-၂၀၂၀) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်းနှင့် ရှေ့ပြေးစစ်တမ်း ကောက်ယူခြင်းအတွက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးမှ လူငယ်များနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင်လည်း ကုန်ထုတ်စွမ်းအားကို အထောက်အကူဖြစ်စေမည့် လူငယ်၊ လူရွယ်နှင့် ကလေးများကို အလုပ်သမားအဖြစ် အသုံးပြုလေ့ရှိကြကြောင်း၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုနှင့်ဆက်စပ်သည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် နိုင်ငံများတွင် ကလေးအလုပ်သမားများ ပိုမိုအသုံးပြုနေကြသည်ကို တွေ့ရှိရကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ အားလုံးပါဝင်ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အနာဂတ်ပုံရိပ်ကောင်းမွန်ခြင်းအတွက် …

Read More »

ပညာ့အလင်းရောင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများ လှူဒါန်းပွဲကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၂ (ဒိုက်ဦး) ======================= အောက်တိုဘာလ(၂၂)ရက်နေ့  နံနက်(၈:၃၀)နာရီအချိန်က ဒိုက်ဦးမြို့နယ် အေးသုခကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာ့အလင်းရောင် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် (၁၉)ကြိမ်မြောက် ရွှေဟင်္သာစက်ရုံမှ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများ လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အေးသုခအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပညာ့အလင်းရောင် ကျောင်းဆောင်သစ်အား အလှူရှင် မြို့ဦးကျောင်းဆရာတော်အရှင်ပညာစက္က၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူး ဆရာကြီး ဦးစန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာများ ပက်ဖျန်းကာ ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် အလှူရှင် မြို့ဦးကျောင်းဆရာတော် အရှင်ပညာစက္ကမှ သြဝါဒကထာမြွတ်ကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်တို့က အမှာစကားပြောကြားကာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး ဆရာကြီးဦးစန်းအောင်မှ ပညာရေးဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် အလှူရှင် မြို့ဦးကျောင်းဆရာတော် …

Read More »