Home / 2019 / October / 25

Daily Archives: October 25, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ကျောက်တံခါးမြို့နယ်တွင် ကျင်းပသည့် ဒီပါဝလီပွဲတော်သို့တက်ရောက်

FI

အောက်တိုဘာ ၂၅ (ကျောက်တံခါး) =========== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၅)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က ကျောက်တံခါးမြို့နယ် သူဌေးကုန်းစံပြကျေးရွာ၊ ရှရီရမ်းဂျာနုကီဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဒီပါဝလီပွဲတော်သို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဒီပါဝလီပွဲတော်ကျင်းပရေးကော်မတီ နာယက ဦးကန်သီလာက ဒေသခံဟိန္ဒူ လူမျိုးများ၏ အခြေအနေနှင့် ဒီပါဝလီပွဲတော်အကြောင်း ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ဧည့်သည်တော်များက ဆီမီးထွန်းညှိပူဇော်ခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကာ အိန္ဒိယသံရုံး ဆွာမီဝီကေနန္ဒ ယဉ်ကျေးမှုအဖွဲ့မှ ဟိန္ဒူရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေကြီး ဝန်ကြီးချုပ် …

Read More »

ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

PT

အောက်တိုဘာ ၂၅ (ပေါင်းတည်) ======================== ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဘုရာကြီးမြို့တွင် ဖွင့်လှစ်သည့် ကျေးလက်ဒေသအခြေခံ လျပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

74340449_720054105140999_5718544866368028672_n

အောက်တိုဘာ ၂၅ (ဘုရားကြီးမြို့) =============================== အောက်တိုဘာလ(၂၅)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက် စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၆/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြာပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီး ဦးအောင်ဇော်နိုင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြင့်ခြင်း၊ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်‌ပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ သင်တန်းသည် လျှပ်စစ်နှင့်ပတ်သက်၍ နေအိမ်၊ အဆောက်အဦများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် …

Read More »

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Pyay

အောက်တိုဘာ ၂၅ (ပြည်) ======================== ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

TNP

အောက်တိုဘာ ၂၅ (သနပ်ပင်) ======================== သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ဂေါပကများကြီးကြပ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၅ (ပဲခူး) =================== အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဂေါပကများကြီးကြပ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဘုရားဝတ္တကမြေအတွင်း အရက်၊ ဘီယာ၊ ထန်းရည် စသည့် အရောင်းဆိုင်များ မရှိစေရန်နှင့် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သော ကျူးကျော်နေထိုင်မှုများ မရှိစေရေး၊ ဘုရား၊ စေတီပုထိုးများ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဂေါပကများက အနီးကပ်ကြီးကြပ် တာဝန်ယူရသော်လည်း မိမိတို့အစိုး၊ ဌာနဆိုင်ရာများတွင်လည်း တာဝန်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့လျှင် အချိန်နှင့်တစ်ပြေးညီ အစိုးရအဖွဲ့သို့ တင်ပြရန်၊ လိုအပ်ပါက လုံခြုံရေးများ ချထားဆောင်ရွက်ပေးရန်၊ ဂေါပကများ ပြန်လည်ဖွဲ့စည်းရာတွင် နည်းပညာရှင်တစ်ယောက် ထည့်သွင်းရန်၊ ဘုရားဝတ္တကမြေ နယ်နိမိတ် တိတိကျကျ သတ်မှတ်ထားရန်နှင့် ဘုရား၊ စေတီပုထိုးများနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်ခုတစ်ရာ ပေါ်ပေါက်လာပါက မိမိတို့ဖွဲ့စည်းထားသည့် ဂေါပကများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် လမ်းညွှန်မှာကြားခဲ့သည်။ …

Read More »