Home / 2019 / October / 31

Daily Archives: October 31, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

8E36C5E1-0095-4C02-A773-C05C5B20A2FA

အောက်တိုဘာ ၃၁ (ရေတာရှည်) ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၃၁)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးမှ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခဲ့မှုအခြေအနေ၊ ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအခြေအနေနှင့် အိမ်ရာတွင် ဝန်ထမ်းများထားရှိမည့် အခြေအနေများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်းကျေးရွာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ မြို့နယ်အဆင့် ဦးစီးဌာနဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်တွင် နောက်ထပ်လုံးနှင့် ဘဏ္ဍာနှစ်အလိုက် အိမ်ရာ(၆)လုံးပြည့်မီအောင် ဆက်လက်တည်ဆောက် ပေးသွားမည်ဖြစ်သည့်အပြင် အိမ်ရာနေဝန်ထမ်းများ လူသုံးကုန်ပစ္စည်းများနှင့် …

Read More »

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၃၁ (ရေတာရှည်) =================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စု/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြိုနယ်၊ ဆွာချောင်းရေလှောင်တမံနှင့် ရေပိုလွှဲအသစ် တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် မှ ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတမှ လိုအပ်သည်များ လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်

FI

အောက်တိုဘာ ၃၁(ရေတာရှည်) ======================= ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာတွင် အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျွန်တောစုကျေးရွာမုခ်ဦးရှေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA) ဥက္ကဌ ဦးရှိန်ဝင်းနှင့် ရေတာရှည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က ကျေးရွာဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကျွန်းတောစုကျေးရွာဆိုင်းဘုတ်အား ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးကြသည်။ ယင်းနောက် ဒုတိယပိုင်းအခမ်းအနား အစီအစဉ်ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ …

Read More »