Home / 2019 / November

Monthly Archives: November 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရှမ်းတိုင်းရင်းသားများ၏ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အခမ်းအနားသို့ တက်ရောက်

FI

နိုဝင်ဘာ ၃၀ (တောင်ငူ) ================== နိုဝင်ဘာလ(၃၀)ရက်နေ့  ညနေ(၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးတို့ တက်ရောက်ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ၊ တောင်ငူမြို့နယ် စည်ပင်သာယာကော်မတီဥက္ကဌ ဦးအေးလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် သဘာပတိများမှ အခမ်းအနား စင်မြင့်ထက်တွင်နေရာယူကာ သဘာပတိတစ်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းတို့က အမှာစကားအသီး ပြောကြားကာ ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသာ …

Read More »

ပဲခူးတိုင်းဒေသကြီး သင်ယူမှုအခွင့်အလမ်းမြင့်မာရေး အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တွေ့ဆုံညှိနှိုင်းပွဲကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၉ (ပဲခူး) ===================== နိုဝင်ဘာလ(၂၉)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး သင်ယူမှုအခွင့်အလမ်း မြင့်မာရေး အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လူမှုစီးပွားဘဏ္ဍ မြင့်မားမှုဟာ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီးကွာခြားနေကြောင်း၊ ပညာရေးအဆင့်မြင့်မားတဲ့ နိုင်ငံများဟာ ဖွံ့ဖြိုးတိုးတက်မှုဖြင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု လူမှုစီးပွားဘဏ္ဍ မြင့်မားမှုဟာ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီးကွာခြားနေကြောင်း၊ ပညာရေးအဆင့်မြင့်မားတဲ့ နိုင်ငံများဟာ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသလို ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံများကိုကြည့်ရင် ပညာရေးကဏ္ဍမှာ နိမ့်ကျနေတယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်ရင်သိရှိနိုင်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူပြီးနောက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေနှင့်ပတ်သက်ပြီး ပြည်ထောင်စုခွင့်ပြုပေးတဲ့ Budge …

Read More »

တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

SM

နိုဝင်ဘာ ၂၇ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၀ယ်ယူနိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါများအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇)(၂၈)(၂၉)ရက်နေ့များတွင် ညွှန်ကြားရေးမှူးရုံး(မြို့ပြ)ရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးမြို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————————–

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း/တံတားနှင့် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် လာရောက်မိတ်ဆက်ရှင်းလင်း

FI

နိုဝင်ဘာ ၂၇ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်း လမ်း/တံတားနှင့် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ (၂၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဝင်းနေဝင်းကုမ္ပဏီလီမိတက်နှင့် တော်ဝင်စာမရီအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ လာရောက်မိတ်ဆက်ရှင်းလင်းသည်။ ရှေးဦးစွာ ဝင်းနေဝင်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးနီဝင်း၊ တော်ဝင်စာမရီအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမောင်နှင့် ဒါရိုက်တာ ဒေါ်မေဇဗ္ဗူတို့က  မိမိတို့ကုမ္ပဏီသည် အင်္ဂလန်နိုင်ငံအခြေစိုက် Mabey Co., နှင့်ချိတ်ဆက်၍ ပြည်ပချေးငွေရရှိရေး၊ လမ်း/တံတားနှင့် မြစ်ချောင်းထိန်းသိမ်းခြင်း လုပ်ငန်းများအား သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည်ချေးငွေ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် လမ်း/တံတားများ အထူးလိုအပ်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု ချောမွေ့အဆင်ပြေနိုင်မှသာ ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ကြောင်း၊ ပြည်ပချေးငွေနှင့်ပတ်သက်၍ …

Read More »

ပဲခူးတိုင်းအတွင်းရှိ ကလေးငယ်(၃၆၅၅၄၈)ဦးအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးသွားမည်ဖြစ်

FI

နိုဝင်ဘာ ၂၆ (ပဲခူး) =================== ပဲခူးမြို့ သီရိဟံသာခန်းမ၌ နိုဝင်ဘာလ(၂၆)ရက်နေ့  နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် အကျုံးဝင်သည့် ကလေးငယ်အားလုံး ရာနှုန်းပြည့် အန္တရာယ်ကင်းစွာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရန်အတွက် အာဏာပိုင်အဖွဲ့များ၊ နှီးနွယ်သောဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာ တိုင်း/ ခရိုင်/မြို့နယ်များရှိ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းကူညီပါဝင်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရွှေဟင်္သာ Education(S.H.E Pre Primary School)မှ မူကြိုကျောင်းသား/သူလေးများက တိုင်းရင်းသားဝတ်စုံများဖြင့် ကာကွယ်ဆေး တေးသီချင်းသီဆိုကာ ကပြဖျော်ဖြေကြပြီး …

Read More »

ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

1

နိုဝင်ဘာ ၂၅ (ရေတာရှည်) ============= ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးအတွင်း ဆောင်ရွက်မည့် ရေတာရှည်မြို့နယ်ခန်းမတွင် လိုအပ်လျက်ရှိသော စက်ကိရိယာ(၁၀)မျိုး၊ ပရိဘောဂ(၉)မျိုးနှင့် ခန်းစီး၊ လိုက်ကာ (၁၁)မျိုးတို့ ၀ယ်ယူနိုင်ရေး ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————————–

Read More »

နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

NTL

နိုဝင်ဘာ ၂၅ (နတ်တလင်း) ============= နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးအတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများအား ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————————–

Read More »

စျေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်မည့်ရက် အသိပေး

0-02-06-dd26b0f853276765d730849cdcbb432dc7c33500d8967a25017b34142304cca9_e6894b7a

နိုဝင်ဘာ ၂၅ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)၏ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ကုမ္ပဏီများမှ တင်သွင်းလာသည့် စျေးနှုန်းအဆိုပြုလွှာများအား တင်ဒါကော်မတီမှ (၂၆-၁၁-၂၀၁၉) ရက်နေ့တွင် ဖွင့်ဖောက်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Read More »

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၅ (ပဲခူး) ——————————————- ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ပဲခူးမြို့ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၅)ရက်နေ့  နံနက်(၁၀:၃၀)နာရီအချိန်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဌ ကရင်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေးက ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့်  “မုဒိမ်းမှုများတားဆီးဖို့ မုဒိမ်းမှုများပပျောက်ဖို့  အားလုံးပူးပေါင်းဆောင်ရွက်စို့” ဖြစ်သည်နှင့်အညီ အမျိုးသမီးများအပေါ်  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှလည်း တားဆီးကာကွယ်ဖို့အတွက် ပြည်သူလုထု၏ အမြင်နှင့် အတွေအခေါ်များကို ပြောင်းလဲစေရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ရပ်ရွာလုထု အသိပညာပေးမှုများကို တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ရှေ့ဆက်အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Video Clipဖြင့် ပြသသည်။ …

Read More »

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉)ဖွင့်လှစ်

FI

နိုဝင်ဘာ ၂၅ (ပဲခူး) =============== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံး အပေါ်ထပ်အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်ရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)အား ပြည်သူလူထုအတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရပ်ရွာအတွင်းရှိ ပြည်သူလူထုအား ဆင့်ပွားအသိပညာပေးနိုင်ရန်၊ သဘာဝဘေးစီမံခန့်ခွဲမှုဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဒုဦးစီးမှူး ရာထူးအောက် သင်တန်းသား/သူ ဝန်ထမ်း(၅၀)ဦး တက်ရောက်ကြကြောင်း …

Read More »