Home / 2019 / November / 19

Daily Archives: November 19, 2019

ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၁၉ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ကြီးမှူးပြီး နိုဝင်ဘာလ(၁၉)ရက်နေ့  နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမှာ အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သာယာလှပတဲ့ သဘာဝရှု့ခင်းများ၊ စိန်းလမ်းစိုပြေသည့် သစ်တောများရှိနေခြင်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆွဲဆောင်မှုရှိပြီး သွားလာရလွယ်ကူအဆင်ပြေမှု၊ ဒေသခံများရဲ့ ရင်းနှီးဖော်ရွေမှုများကြောင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ကလည်း …

Read More »