Home / 2019 / November / 21

Daily Archives: November 21, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ရှိ ဒေသခံများနှင့် တွေ့ဆုံပွဲ

76765630_1180113105517370_5709055191962091520_o

နိုဝင်ဘာ ၂၁ (အုတ်ဖို) ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ၂၀၁၉၊ နိုဝင်ဘာ (၂၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများနှင့် များများထိတွေ့ပြီး ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်နိုင်စေရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်ဦးကာလတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ပြဿနာများလည်း နေရာအနှံ့တွင် ဖြစ်ပေါ်နေကြောင်း၊ အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုအားနည်းခြင်း၊ ပြည်သူတို့၏ လိုအင်ဆန္ဒများပြားခြင်း၊ အစိုးရမှာလည်း ရရှိသည့်ဘတ်ဂျက်အနေအထားပေါ်တွင် မူတည်ပြီး ဒေသဖွံံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေးအလိုက် ဖော်ဆောင်ပေးနေရသည်များကိုလည်း နားလည်ပေးကြစေလိုကြောင်း၊ ပြည်သူများကလည်း မတူညီမှုများကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်လိုအပ်ကြောင်း၊ ဒီလိုပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိမှသာ အားလုံးမျှော်လင့်နေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မင်းလှမြို့‌ပြည်သူများ တွေ့ဆုံပွဲကျင်းပ

FI

နိုဝင်ဘာ ၂၁ (မင်းလှ) ==================== နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်က မင်းလှမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရင်ပြင်တွင် ပဲခူးတိုင်းသေကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြေင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မင်းလှမြို့ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ၏‌ အထွေထွေပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် သေခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ခေတ်ကာလသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသလို တစ်ဘက်မှာလည်း (၂၁)ရာစု ပင်လုံမှအစပြုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုးစားဆောင်ရွက်နေသည့် အချိန်အခါဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည် ငြိမ်းချမ်းရေးရရှိမှ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့လူမှုပတ်ဝန်းကျင်တွင်လည်း တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိတ်ဆွေဖွဲ့ပြီး နေထိုင်ရမှာထက် အာဏာကိုမက်မောပြီး နေထိုင်နိုင်ရန် …

Read More »

မင်းလှမြို့၌ စပါးတင်း(၅၀၀)ဆံ့ အခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် တတ်ရောက်အားပေး

FI

မင်းလှ နိုဝင်ဘာ ၂၁ ===================== ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှတာဆုံအနီးရှိ အမှတ်(၂၇) စက်မူလယ်ယာဦးစီးဌာနတွင် တည်ဆောက်ထားသည့် စပါးတင်း(၅၀၀)ဆံ့ အခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီချိန်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက စပါးတင်း(၅၀၀)ဆံ့ အခြောက်ခံစက်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါစက်၏ အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပေးသည်။ အဆိုပါ အခြောက်ခံစက်သည် တရုတ်နိုင်ငံထုတ် အမျိုးအစားဖြစ်ပြီး Recirculating Grain Dryer စက်ဖြစ်သည်။ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တောင်ပေါ်သား ရီရှင်းကုမ္မဏီထံမှ ကျပ်သိန်း(၃၅၀)ဖြင့် ဝယ်ယူကာ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံး စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး အချိန်(၁)နာရီတွင် အစိုအမှတ် ၁-မှတ်ဝန်းကျင် လျော့ချနိုင်သည်။ တစ်ကြိမ်လျှင် စပါးတင်း(၅၀၀) အခြောက်ခံဆောင်ရွက်နိုင်ပြီး ဒေသခံ‌တောင်သူများအတွက် ရာသီဥတုကြောင့် စပါးပျက်စီးမှုကို ကာကွယ်ရန်၊ …

Read More »