Home / 2019 / December / 01

Daily Archives: December 1, 2019

တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁ (တောင်ငူ) ================== ဒီဇင်ဘာလ (၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာအုပ်စု၊ မြောက်ရေကြည်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မေသီဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းသည် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူတို့၏ လိုအပ်ချက်၊ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်၊ အစိုးရနှင့် ဌာနဆိုင်ရာများ ဟန်ချက်ညီညီပေါင်းစပ်၍ ပြည်သူများ၏ ကြုံတွေ့ရင်ဆိုင်နေရသည့် အမှုအခင်းကိစ္စများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့အစိုးရ၏ နိုင်ငံရေးအရ စိန်ခေါ်မှုများ၊ ပြည်ပနိုင်ငံများ၏ ဖိအားများကို ရင်ဆိုင်နေရသည်ကို သိရှိနားလည် သဘောပေါက်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူကွဲပြားမှုများကို နားလည်မှုရှိရှိ လက်ခံကာ ပူးပေါင်းဆောင်ရွက်တတ်မှသာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်သည် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁ (တောင်ငူ) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁)ရက်နေ့  နံနက်(၉)နာရီအချိန်က တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စု၊ နဂါးမောက်ကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ရှိမြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ အကြပ်အတည်းနှင့် ကြုံတွေ့နေရပြီး တစ်နည်းအားဖြင့် ပြည်ပနိုင်ငံများ၏ တရားစွဲဆိုမှုများကိုလည်း ရင်ဆိုင်နေရကြောင်း၊ တရားစွဲဆိုမှုသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကို တရားစွဲဆိုခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို တရားစွဲဆိုခြင်းကြောင်း၊ ဒီအခြေအနေကို ဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် သံတမန်နည်းလမ်းအရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ကမ္ဘာကသိအောင် အရှိအတိုင်း၊ အမှန်အတိုင်း ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီနေရာမှာ အားလုံးစည်းလုံးညီညွတ်မှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုမရှိဘဲ အာဏာကိုမက်မောပြီး လက်နက်စွဲကိုင်ကာ စစ်ပွဲတွေဖန်တီးနေမယ်ဆိုရင်တော့ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

FI

ဒီဇင်ဘာ ၁ (တောင်ငူ) ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁)ရက်နေ့  နံနက်(၈)နာရီအချိန်က တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်လတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းထွန်းဦးက လျှပ်စစ်မီးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများအား အသိပေးပြောကြားကာ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးခင်မောင်လတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ တောင်ငူမြို့နယ်၊ ရှမ်းရွာကျေးရွာ လျှပ်စစ်မီးလက်းရေးအတွက် NEP စီမံကိန်းထောက်ပံ့ငွေကျပ် (၄၉၈)သိန်းဖြင့် …

Read More »