Home / 2019 / December / 03

Daily Archives: December 3, 2019

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်

ဒီဇင်ဘာ ၃ (ပဲခူး) ===================== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် “သံစဉ်ပန်း” မသန်စွမ်းအနုပညာ လှုပ်ရှားမှုအဖွဲ့မှ အဖွင့်သီချင်းသီဆို၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၂ခုနှစ် မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်စွမ်းတို့ကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာစေရန် ၁၉၉၄ခုနှစ်မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ (၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ဂုဏ်ပြုကျင်းပလာတာ ယခုနှစ်သည်(၂၆)ကြိမ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်သတ်မှတ်ထားသည့် “အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများစွမ်းရည် မြင့်မားလာစေရေးဦးတည်ပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက …

Read More »