Home / 2019 / December / 06

Daily Archives: December 6, 2019

ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိမ်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ဒီဇင်ဘာ ၆(ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Culture) နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်(Intangible Culture) များ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒြပ်မဲ့ယဉ်ကျေးမှုနှင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်း အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ သမိုင်းပညာရှင်များက သမိုင်းအထောက်အထားများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးခဲ့ကြသည်။ အခမ်းအနားသို့ ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဌာနဆိုင်ရာများ၊ သမိုင်းပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ဒြပ်ရှိယဉ်ကျေးမှုနှင့် …

Read More »