Home / 2019 / December / 07

Daily Archives: December 7, 2019

သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲ ပဲခူးမြို့တွင် ကျင်းပပြုလုပ်

ဒီဇင်ဘာ ၇ (ပဲခူး) =================== ဒီဇင်ဘာလ(၇)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံတွင် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ကိုဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်တော်မူကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေစင်ရွှေသား …

Read More »

နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်း

ဒီဇင်ဘာ ၇ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးများ အိမ်ယာအတွင်းရှိ ဝန်ကြီးချုပ်နေအိမ်တွင် ဒီဇက်ဘာလ(၇)ရက်နေ့  နံနက်(၁၀:၃၀) နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်တွင် ကျင်းပပြုလုပ်မည့် သံဃာအပါး(၅၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲသို့  ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနာယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ် မိသားစုမှ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်ကောင်းမှုပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တော်မူကြီး ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများအား ဝန်ကြီးချုပ်မိသားစုတို့က လှူဖွယ်ခြင်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဆရာတော်ကြီးများ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက်ကလေးစာပေပွဲတော် ကျင်းပပြုလုပ်

ဒီဇင်ဘာ ၇ (ပဲခူး) ================= ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၈)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပဲခူးမြို့နယ် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်းစီစဉ်ပြုလုပ်သည့် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကလေးစာပေပွဲတော်အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဝန်ရံပြီးထူးချွန် ကျောင်းသား/သူ(၅)ဦးမှ ကျောင်းသား/သူ(၃၀၀)ဦးခြံရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား/သူများက “ကလေးစာပေပွဲတော် Theme Song”သီချင်းသီဆိုပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကလေးစာပေပွဲတော်ကျင်းပပြုလုပ်ခြင်းသည် အနာဂတ်ကိုထုဆစ်ပုံဖော်မှုမည့် ကလေးများ၏ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်ဖို့လာစေရန်ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့ တည်ဆောက်အကောင်အထည်ဖော် ပေးခြင်းဖြစ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များဖြစ်သည့် ကလေးများကို ဉာဏ်ရည်ဉာဏ်သွေးဗဟုသုတများ ထက်မြက်လာစေရန်နှင့် တီထွင်ဖန်တီးလိုစိတ်များရင့်သန်လာစေရန်၊ ကလေးများသာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေရန်နှင့် ကလေးများ၏ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် …

Read More »