Home / 2019 / December / 09

Daily Archives: December 9, 2019

ICJ ၌ သွားရောက်ရင်ဆိုင်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံကြောင်း ပဲခူးမြို့တွင် လူထုလှုပ်ရားမှုပြုလုပ်

FI

ဒီဇင်ဘာ ၉ (ပဲခူး) =================== အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံဂုဏ်သိက္ခာအတွက် ဦးဆောင်သွားရောက် တရားရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ဝန်းရံထောက်ခံကြောင်း လူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ(၉)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်သည်။ ဝန်းရံထောက်ခံပွဲ ပြုလုပ်ရာတွင် ပဲခူးမြို့ ဟံသာဝတီရပ်ကွက် မြို့တော်ခန်းမရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းဦးဆောင်သော အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါး မြို့နယ်(၈)မြို့နယ်ရှိ ပြည်သူများ၊ CSO အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့များ ပူးပေါင်းပါဝင်ပြီး လူဦးရေ (၁၅၀၀၀)ဦးကျော် ဖြင့် မြို့တွင်းကြီးရပ်ကွက် ရွှေမော်ဓောဘုရားယာဉ်နားကွင်းအထိ လမ်းလျှောက်ချီတက်ကြကြောင်း သိရသည်။ ထို့နောက် လူထုထောက်ခံပွဲကျင်းပပြုလုပ်ရာ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ …

Read More »