Home / 2019 / December / 11

Daily Archives: December 11, 2019

သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယ)အကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Presentation1

ဒီဇင်ဘာ ၁၁ (သဲကုန်း) ============= သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် (ဒုတိယ)အကြိမ် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————–

Read More »

မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်း

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) =================== ဒီဇင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင်က ပဲခူးမြို့နယ်အတွင်း ကုန်သွယ်ရေးဥယျာဉ်မြို့တော်တစ်ခု တည်ဆောက်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် စီးပွားရေးအရ မဟာဗျူဟာကျသည့် နေရာဒေသတစ်ခုဖြစ်ပြီး လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ ရေလမ်းနှင့်လည်း ပဲခူးမြစ်နှင့် စစ်တောင်းတူးမြောင်းတို့အား အဆင့်မြှင့်တင်၍ ဆောင်ရွက်နိုင်သလို မကြာမီဆောင်ရွက်မည့် အာရှလမ်းမကြီးတို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖော်ဆောင်ရာတွင် နိုင်ငံတော်စီမံကိန်းများနှင့်လည်း …

Read More »

ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် စစ်ဘန်ကာများအား အမှီပြုပြီး ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်း တွဲဖက်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) =================== တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၊ သစ်တောသင်တန်းကျောင်းဝန်းအတွင်း၌ ဖော်ထုတ်ခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် စစ်ဘန်ကာများအား အမှီပြုပြီး ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းတွဲဖက်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒီဇင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကစပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာများပြန်လည်ဖော်ထုတ်ခြင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၊ သစ်တောသင်တန်းကျောင်းအတွင်းရှိ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ဘန်ကာများ ဖော်ထုတ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရေတာရှည်မြို့နယ်၊ ကရင်ချောင်း(စစ်တောင်းမြစ်ကူးတံတား) အသစ်တစ်စင်းလည်း စီမံကိန်းလုပ်ငန်းများ စတင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒါကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်များနှင့် အနီးဆုံး ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက် လူမှုစီးပွားဘဝများ ပိုမိုမြှင့်မားလာနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက်လည်း ပြည်တွင်း/ပြည်ပ ဝင်ငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပြီး သမိုင်းဝင် …

Read More »

ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) =================== ဒီဇင်ဘာလ(၁၁)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းသွယ်ရှိ လူငယ်ဓမ္မရိပ်သာ(Youth Center)တွင် ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးမှ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မကြာမီ စာရင်းကောက်မည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များတွင် စာရင်းစစ်၊ စာရင်းကောက်များ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး သေချာဆောက်ရွက်နိုင်ရန်အတွက် ဆွေးနွေးပို့ချပေးမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဂရုစိုက်စိုက်နားလည် သဘောပေါက် မှတ်သားကြဖို့လိုကြောင်း အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းအား၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ …

Read More »