Home / 2019 / December / 21

Daily Archives: December 21, 2019

ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၁ (ရေတာရှည်) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများလိုက်ပါလျက် ဒီဇင်ဘာလ (၂၁) ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌  ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက  မိမိိတို့ပြည်သူ့အစိုးရသည် ဒေသခံပြည်သူတို့၏ အခက်အခဲများ၊ ကြုံတွေ့နေရသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံရေးလွဲမှားမှုများကြောင့် နစ်နာခဲ့ရသည့် ပြည်သူများအတွက် ဒီအချိန်အခါသည် ပြည်သူ့အစိုးရနှင့် အတူလက်တွဲဆောင်ရွက်ရမည့် ကာလတစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီကလည်း မိမိတို့၏ လူမှုပတ်ဝန်းကျင်အသိုင်းအဝန်းကို ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန်၊ အားလုံးအတူ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန်၊ မည်သို့ပင် လူမျိုး၊ ဘာသာ၊ အယူအဆ မတူညီစေကာမူ အရာအားလုံး မေတ္တာတရားရှေ့ထားပြီး လေးစားတန်ဖိုးထားတတ်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒါမှလည်း နေပျော်ဖွယ်ကောင်းသည့် …

Read More »

ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၁ (ရေတာရှည်) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများလိုက်ပါလျက် ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်နှင့်အညီ အခြားဘာသာများကိုလည်း လေးစားလက်ခံတဲ့ တိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ မကြာမီက ဂမ်ဘီယာနိုင်ငံ တရားစွဲဆိုမှုအပေါ်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းခဲ့တာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒီအခြေအနေမှာ အထူးပြောကြားချင်တာတော့ အားလုံးရဲ့ရှေ့မှာ ခေါင်းဆောင်ကောင်းတစ်ဦး ရှိနေပြီဖြစ်၍ အားလုံးစည်းလုံးညီညွတ်မှုရှိရန်၊ မတူကွဲပြားမှုကို မေတ္တာတရားရှေ့ထားပြီး နားလည်မှုပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ခင်တန်းကြီး- ဇီးအုပ် ကျေးရွာချင်းဆက်လမ်းအား ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ ခင်တန်းကြီးကျေးရွာ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ပေးရန်နှင့် မူလတန်းလွန်ကျောင်း တိုးချဲ့ဆောက်လုပ်ပေးရန်၊ ပေါက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ဓာတ်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်နှင့် ခင်တန်ကြီးကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

FI

ဒီဇင်ဘာ ၂၁ (ရေတာရှည်) ============ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့်အတူ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ရေတာရှည်မြို့နယ် သမိုင်းဝင်ဓာတ်တော်ဘုရားကြီး၏ (၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ် (၃၁)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကာ ဗုဒ္ဓပူဇနိယပွဲတော် ဈေးတန်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ခင်တန်းကြီးကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဝာာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

တောင်ငူမြို့တွင် ကျင်းပပြုလုပ်သည့် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဒီဇင်ဘာ ၂၁ (တောင်ငူ) ============== ဒီဇင်ဘာလ(၂၁)ရက်နေ့  နံနက်(၅:၃၀)နာရီအချိန်က တောင်ငူမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ လူထုလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းသား/သူများ၊ အဆင့်မြင့်ပညာ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား (၁၃၅၀၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး မင်းကြီးညိုရုပ်ထုမှစတင်၍ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်း၊ ကန်လမ်းနှင့် ရန်ကုန်+မန္တလေး ကားလမ်းမှတစ်ဆင့် တောင်ငူခရိုင်အားကစားအတွင်းသို့ ချီတက်လမ်းလျှောက်ကာ အားကစားအတွင်း၌ Fitness dance ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ကြကြောင်း သတင်းရရှိသည်။

Read More »