Home / 2019 / December / 22

Daily Archives: December 22, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ကက္ကူကျေးရွာ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၂ (ရေတာရှည်) ======================== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ကက္ကူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာဂရမြို့၊ ကက္ကူကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်(၄၁.၆၂၅)သန်းဖြင့် ဆောက်လုပ်သည့် Steel Structure (၁)ထပ် ကျောင်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူသားတိုင်းသာ အတိတ်ကပါလာတဲ့ ကုသိုလ်ကံအခြေအနေ၊ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးစနစ်အခြေအနေတို့ကြောင့် လူပတ်ဝန်းကျင်တွင် အတွေးအခေါ်၊ ကိုးကွယ်သည့်ဘာသာ၊ ယုံကြည်မှု မည်သို့ပင် မတူကွဲပြားမှုများရှိစေကာမူ မြန်မာနိုင်ငံသားဆိုတဲ့ အသိတရားတစ်ခုတည်းဖြင့် အရာအားလုံးကို ပေါင်းစည်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်ကာလအခြေအနေအရ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုရှိနေ၍ ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်ရန်၊ တစ်ဦ:နှင့်တစ်ဦး လေးစားတန်ဖိုးထားရန်၊ …

Read More »

ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အေးကြီးကျေးရွာ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၂ (ရေတာရှည်) ======================== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အေးကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးစီမံပြောင်းလဲမှု၊ မြေယာစီမံခန့်ခွဲမှုပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုစသည်တို့ကို သိရှိနားလည်စေရန် မိသားစုအသွင်သဏ္ဍာန်ဖြင့် ရှင်းလင်းပြောကြားခြင်းဖြစ်သည့်အပြင် ပြည်သူလူထုအတွင်း ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများကို ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများဘက်ကလည်း စောင့်ထိန်းရမည့် စာရိတ္တမဏ္ဍိုင်အပြင် အတ္တတွေလျော့ပြီး အသိပညာ၊ ယုံကြည်မှု၊ မေတ္တာတရားတို့ဖြင့် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်မတူသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ပေါင်းစပ်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ကျင့်သုံးကြရန်လိုအပ်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်မှ ပြည်သူတို့၏ လိုအပ်ချက်များအပေါ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM) ပြိုင်ပွဲကျင်းပ

FI

ဒီဇင်ဘာ ၂၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန် ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ လုထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၁၉ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွာ်စေးမှ ယနေ့ခေတ်အချိန်အခါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ညီလာခံမှ Exercise is Medicine အစီအစဉ်ဖြင့် မူဝါဒချမှတ် လမ်းညွှန်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးစေရန် လူတန်းစားမရွေး ကိုယ်လက်လှုပ်ရှားမှုများကို ရသည့်အချိန်တွင် မဖြစ်မနေဆောင်ရွက်ရန် …

Read More »