Home / 2019 / December / 23

Daily Archives: December 23, 2019

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဒီဇင်ဘာ ၂၃ (ရေတာရှည်) ================= ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်သည်နှင့်အညီ ဒီမိုကရေစီကျင့်ဝတ်များနှင့်အညီ အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍများကို ဆောင်ရွက်နေသလို၊ တစ်ဘက်မှာလည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာရန် ပြန်လည်ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မြေယာအခက်အခဲကို ဖြေရှင်းပေးရန်အတွက် အစိုးရမှ တစ်စုတစ်ဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ သစ်တောဦးစီးဌာနတွင် သတ်မှတ်ပုံစံများ ဖြည့်စွက်၍ လျှောက်ထားရမည်ဖြစ်ပြီး နှစ်ရှည်ပင်နှင့် သီးပင်စားပင်များ စိုက်ပျိုးလုပ်ကိုင်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်နေသလို မိမိတို့ ကျေးရွာ/ရပ်ကွက်အတွင်းမှာလည်း မတူကွဲပြားမှုတွေကို တစ်ဘက်နှင့်တစ်ဘက် လေးစားပြီးတန်ဖိုးထားပြီး အတူယှဉ်တွဲနေထိုင်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သောက်ရေသန့်စက်များ၊ အဆောက်အဦးများနှင့် နည်းပညာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

FI

ဒီဇင်ဘာ ၂၃ (တောင်ငူ) =================== ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်ရေသန့် ထာဝရသောက်သုံးနိုင်ကြစေရန် ရည်ရွယ်၍ တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု၊ ကျေးအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Grand Royal Group International Co.Ltd၏ CSR Project(2019)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သောက်ရေသန့်စက်များ၊ အဆောက်အဦးများနှင့် ထိန်းသိမ်းမှုနည်းပညာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သန့်ရှင်းသော သောက်သုံးရေသည် လူတစ်ဦးချင်းစီအတွက် အလွန်အရေးပါကြောင်း၊ အလှူတွေထဲမှာလည်း ရေလှူဒါန်းမှုသည် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်စပ်တို့တွင် ဖွံ့ဖြိုးမှုအားနည်းခဲ့ရ၍ လမ်း/တံတားများ အသစ်ဖောက်လုပ်တည်ဆောက်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါမှလည်း လူမျိုးဘာသာမရွေး စီးပွားရေး၊ လူမှုရေး ကူးလူးဆက်ဆံမှသာ ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး ယုံကြည်မှုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယုံကြည်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ မှန်ကန်သောလမ်းကြောင်းသစ်တစ်ခု …

Read More »