Home / 2019 / December / 24

Daily Archives: December 24, 2019

စိုက်ပျိုးမြေမရှိသူများအတွက် လယ်ယာမြေများ ဖော်ထုတ်ပေးမည့် လုပ်ငန်းစီမံချက်အား Landesa အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြ

ဒီဇင်ဘာ ၂၄ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က စိုက်ပျိုးမြေမရှိသူများအတွက် လယ်ယာမြေများ ဖော်ထုတ်ပေးမည့် လုပ်ငန်းစီမံချက်အား  Landesa မှ ဒေါက်တာ ဒေါ်ဥမ္မာမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ  Landesa မှ ဒေါက်တာ ဒေါ်ဥမ္မာမျိုးအောင်က မိမိတို့အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် လာက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအတွင်း အစိုးရမှ ဆောင်ရွက်လျက်ရှိသော မြေယာပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများကို အခြားသော မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းကာ သုတေသနလုပ်ငန်းများ၊ မြေယာဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးချက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပြုလာသည့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာမြေများ ဆက်လက်ဖော်ထုတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား Power Point …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလှုပ်ရှားမှု (၂၀၁၉) အခမ်းအနားကျင်းပ

ဒီဇင်ဘာ ၂၄ (ပဲခူး) =================== ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလှုပ်ရှားမှု(၂၀၁၉) အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ပတ်ဝန်းကျင်သန့်ရှင်းရေးသည် ကျွန်မတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ညွှန်းပြသောအရေးကြီးသည့် အညွှန်းကိန်းတစ်ခုဖြစ်ကြောင်း၊ ပတ်ဝန်းကျင်တစ်ခုတည်း သန့်ရှင်းနေရုံမဟုတ်ဘဲ ရေကောင်းရေသန့်ရရှိရေးနှင့် ၎င်းတို့၏ အကျိုးရလဒ်ဖြစ်သော လူငယ်တို့၏ ကျန်းမာခြင်းလည်းပါဝင်ကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးသည် ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတစ်ခုဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးဖြစ်ထွန်းစေသည့်အပြင် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေကြောင်း၊ ၂၀၃၀ ခုနှစ်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်း Goal(6)ကို ပြည့်မီရေးအတွက် ရေကောင်းရေသန့်ရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် မြို့နာ်အသီးသီးမှ WASHလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများနှင့် …

Read More »