Home / 2019 / December / 27

Daily Archives: December 27, 2019

ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1) ဖွင့်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ================ ပဲခူးမြို့ ရွှေမော်ဓော်ဘုရားအနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် World Toilet Association(W.T.A)မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ ယနေ့ဖွင့်လှစ်သည့် အများသုံးသန့်စင်ခန်း တည်ဆောက်ရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက်S.S.Yကုမ္ပဏီမှ CEOဦးဆောင်သောအဖွဲ့မှ အခြားနိုင်ငံများနည်းတူ ပဲခူးမြို့နယ်တွင်W.A.T၏ အထောက်အပံ့ဖြင့် ဆောက်လုပ်လှူဒါန်းလိုကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့  ညှိနှိုင်းတင်ပြချက်အရ မိမိတို့အစိုးရအဖွဲ့မှ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ လာရောက်မှုများသော ရွှေမော်ဓောစေတီ ဝတ္တကမြေအတွင်း ဆောက်လုပ်ရန် သင့်တော်မည့်နေရာအား ရွေးချယ်တင်ပြရန် ဂေါပကအဖွဲ့သို့တာဝန်ပေးညွှန်ကြားခဲ့ကြောင်း၊ ဂေါပကအဖွဲ့မှ ယခုတည်ဆောက်ပြီးစီးခဲ့သည့် စေတီ၏ အောက်ခြေနေရာမှာ ဘုရားဖူးများစွာ လွယ်လွယ်ကူကူ ရောက်ရှိအသုံးပြုနိုင်မည့် နေရာဖြစ်၍ ရွေးချယ်ထားပါကြောင်း တင်ပြချက်အရ အစိုးရအဖွဲ့မှ အတည်ပြုပေးပြီး သန့်ရှင်းပြီး ကျန်းမာရေးအထောက်အကူပြုစေမည့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

FI

ဒီဇင်ဘာ ၂၇(ပဲခူး) ==================== စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော အမှတ်စဉ်(၁/၂၀၁၉) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခမ်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်မှုလယ်ယာစနစ် ကူးပြောင်းရေးကိုဆောင်ရွက်ရန် နိုင်ငံတော်မှ မူဝါဒချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာမှာ စက်မှုလယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် လယ်ယာမြေကို မြေပြုပြင်သည့်အဆင့်မှ အစပြု၍ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သိုလှောင်သည့်အဆင့်အထိ စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းကိုဆိုလိုကြောင်း၊ စက်မှုလယ်ယာ ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် စနစ်တကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် …

Read More »