Home / 2019 / December / 28

Daily Archives: December 28, 2019

တိုင်ကြားစာကိစ္စများနှင့်ပတ်သက်၍ ရွှေတောင်မြို့နယ်အတွင်း ဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

FI

 ဒီဇင်ဘာ ၂၈ (ရွှေတောင်) ——————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင်ဘုရားရင်ပြင်တော်ရှိ ဓမ္မာရံတွင် ကံသုံးဆင့်ကျေးရွာ ဦးမောင်မောင်သိန်းပါ(၅)၏ တိုင်ကြားစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ခြင်း ပြုလုပ်ခဲ့သည့်အပြင် သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့၏ ရွေးကောက်ပွဲကော်မရှင်ရုံး မြေနေရာကိစ္စကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read More »

ဆရာတော်ကြီးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

FI

ဒီဇင်ဘာ ၂၈ (လက်ပံတန်း) ———————————— ဘဝနတ်ထံပျံလွန်တော်မူသွားသည့် နိုင်ငံတော်သြဝါဒစရိယ၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဇိုမရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဗုဒ္ဓင်္ကုရ(မူလဒွာရဂိုဏ်း)၏ အန္တိမအဂ္ဂိသာဓုကီဠန အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်မြတ်များအား ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က လက်ပံတန်းမြို့ ရန်ကုန်- ပြည်ကားလမ်းဘေးရှိ Royal pilehill hotel တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအမှူးပြုသော အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က နေ့ဆွမ်းဆက်ကပ် လှူ ဒါန်းခဲ့ကြကြောင်းသိရသည်။ နေ့ဆွမ်းဆက်ကပ်ရာတွင် တိုင်းသံဃာနာယကအဖွဲ့ မူလဒွါရဂိုဏ်းဥက္ကဌ ဆရာတော်ဘဒ္ဒန္တသုဇာတနန္ဒနှင့် ဆရာတော်(၂၃)ပါးတို့ ကြွရောက်တော်မူကြသည်။ ဘဝနတ်ထံပျံလွန်တော်မူသွားသော ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဇိုမရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဗုဒ္ဓင်္ကုရ သက်တော်(၁၀၁)နှစ်၊ ဝါတော်(၇၅)ဝါရှိပြီး ရုပ်ကလပ်တော်အား ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီခွဲချိန်တွင် အန္တိမအဂ္ဂိသာဓုကီဠနဖြင့် ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ပူဇော်

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) ——————————- ပဲခူးမြို့ ဆယ်မိုင်ကုန်းဓမ္မဒူတတောရ သာသနာ့ရိပ်၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ရွှေရတုဗိမာန်တော်ကြီးရှေ့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်(၈)နာရီအချိန်က ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)(၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဓမ္မစကူးလ်ဗဟိုနှင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီများ တွေ့ဆုံပွဲအခမ်းအနားအား ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဌဆရာတော် ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ၊ ဗဟိုနာယကဆရာတော် ဓမ္မဒူတတောရသာသနာ့ရိပ်သာ ပဓာနနာယက၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညိဿ ရာဘိဝံသ၊ ဗဟိုနာယက တိပိဋကဓရ တိပိဋကကော်ဝိဒ၊ ဒွါဒသအတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ၊ စစ်ကိုင်းတိုင်းဒေသကြီးဓမ္မစကူးလ်ကော်မတီဥက္ကဌဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နမောတဿ မဟာနမက္ကာရ ဘုရားရှိခိုးသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်ပြုလုပ်သည့် လူထုစုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးအပတ်တက်ရောက်

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) __________________ ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးအပတ် ကျင်းပပြုလုပ်သည်။ လူထုလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/သူများ၊ အဆင့်မြင့်ပညာ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စက်ရုံ အလုပ်ရုံများမှ လုပ်သားများ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ကာ စုစုပေါင်းအင်အား (၈၁၆၀၀)ဦးကျော် တက်ရောက်ပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့် သနပ်ပင်လမ်းများတစ်လျှောက် စုပေါင်းလမ်းလျှောက်ကာ ရွှေမော်ဘုရားယာဉ်ရပ်နားကွင်းအတွင်း၌ Fitness dance ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ကြသည့်အပြင် တိုင်းဒေသကြီး အားကစားခန်းမအတွင်း၌လည်း နေ့ချင်းပြီး အားကစားပြိုင်ပွဲများကို လမ်းလျှောက်ပွဲပါဝင်သူ ကျောင်းသား/သူများနှင့် ပြည်သူများက ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း …

Read More »