Home / 2019 / December / 29

Daily Archives: December 29, 2019

မင်းလှမြို့ ဓမ္မသုခဓမ္မာရုံကြီး တည်ဆောက််ရန်အတွက် အလှူငွေလှူဒါန်း

FI

ဒီဇင်ဘာ ၂၉ (မင်းလှ) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးမိသားစုတို့သည် ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်ခန့်က မင်းလှမြို့တွင် တည်ဆောက်လျှက်ရှိသည့် ဓမ္မသုခဓမ္မာရုံကြီးအတွက် အလှူငွေများကို ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး မိသားစုတို့နှင့်အတူ မြန်မာမုဒိတာဖောင်ဒေးရှင်း ဥက္ကဌ ဦးတင်မောင်နိုင်နှင့်ဇနီး မိသားစုတို့ကလည်း ဓမ္မသုခဓမ္မာကြီးအတွက် အလှူငွေကျပ်(၁၀)သိန်းစီ ပေါင်းငွေကျပ်သိန်း(၂၀)ကို ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ပြီးလှူ ဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော်၏ အန္တိမအဂ္ဂိသာဓုကီဠန ပူဇော်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်

FI

ဒီဇင်ဘာ ၂၉ (လက်ပံတန်း) ——————————— ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဈိမာရုမ်ကျောင်းတိုက်အတွင်း၌ နိုင်ငံတော်သြဝါဒစရိယ မူလဒွါရနိကာယဂိုဏ်း၊ ဂဏာဓိပတိတေရဿ မသာသနာပိုင် သက်တော်ရှည် ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော် သက်တော်(၁၀၁)နှစ်၊ ဝါတော်(၇၅)ရှိ ဘဒ္ဒန္တဗုဒ္ဓက်ုရမဟာထေရ်မြတ်၏ အန္တိမအဂ္ဂိသာဓုကီဠန ပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ “သဗ္ဗေသင်္ခါရာအနိစ္စာတိ” (၃)ဂါထာတော်ကိုရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ဇီးဖြူကုန်းရွာမကျေးရွာ မဇ္ဈိမာရုမ်ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သြဝါဒစရိယ (မူလဒွါရ)နိကာယဂိုဏ်းကြီး၏ ဂဏာဓိပတိတေရဿ မသာသနာပိုင် သက်တော်ရှည် ဇီးဖြူကုန်းရွာမ မဇ္ဈိမာရုမ်ကျောင်းဆရာတော် ဘဒ္ဒန္တဗုဒ္ဓက်ုရမဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားတော်မူပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့သည့်သံဝေဉာဏ် ပွားတော်မူကြောင်းသဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲ)ဆရာတော်က ဖတ်ကြားလျှောက်ထားသည်။ …

Read More »