Home / 2019 (page 3)

Yearly Archives: 2019

တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် လာရောက်မိတ်ဆက်ရှင်းလင်း

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့နယ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရန်အတွက် Pride Myanmar Development (PMD) Co., Ltd မှ Chairman , ဦးမင်းကျော်စန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုင် အခွင့်လမ်းပေါ်တွင် မူတည်နေကြောင်း၊ အဓိကအားဖြင့် လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ အိုးအိမ်လိုအပ်မှုလည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးဒေသည် ကုန်တွင်းလမ်းဆုံတစ်ခုဖြစ်ပြီး အနာဂတ်အတွက် အလွန်အရေးပါသည့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရေး လာရောက်ကမ်းလှမ်းရှင်းပြမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Pride Myanmar Development (PMD) Co., Ltd …

Read More »

တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ လာရောက်ရှင်းလင်းတင်ပြ

FI

ဒီဇင်ဘာ ၁၇ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီးကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် အထည်ချုပ်စက်ရုံလုပ်ငန်းများနှင့်ပတ်သက်၍ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအား လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Wong Ting Chung ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က Nameson Holding Limited ၏ နောက်ခံသမိုင်းကြောင်းနှင့် အရှေ့တောင်အာရှတွင် စက်ရုံများ တည်ထောင်၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ Top Galaxy (Myanmar) Apparel Limited တာဝန်ရှိသူများက သိုးမွှေးအထည်ချုပ်စက်ရုံလုပ်ငန်းများ ဆောက်လုပ်မည့် စီမံချက်အသေးစိတ်နှင့် အစိုးရအဖွဲ့မှ …

Read More »

ပဲခူးဒေသတွင် အထည်ချုပ်စက်ရုံ တည်ထောင်လုပ်ကိုင်ခွင့်ရရှိနိုင်ရေး Tongli Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

FI

ဒီဇင်ဘာ ၁၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀) အချိန်က ပဲခူးဒေသတွင် အထည်ချုပ်စက်ရုံ တည်ထောင်လုပ်ကိုင်ခွင့်ရရှိနိုင်ရေး Tongli Co., Ltd မှ Chairman , Mr. Frank Gong ဦးဆောာင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ရှင်းလင်းပြသည်။ ရှေးဦးစွာ Tongli Co., Ltd မှ Chairman , Mr. Frank Gong က မိမိတို့ကုမ္ပဏီသည် တရုတ်နိုင်ငံသားပိုင် မိသားစုကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံတွင်လည်း အထည်ချုပ်လုပ်ငန်းနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများကို ဆောင်ရွက်နေသလို မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုံနှင့် မြောင်းတကာစက်မှုဇုန်တို့တွင်လည်း အထည်ချုပ် စက်ရုံများ တည်ထောင်လျက်ရှိပြီး နိုင်ငံတကာသို့ တင်ပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ရုံလုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်လို၍ ပဲခူးဒေသကို ရွေးချယ်ပြီး အစိုးရထံမှ မြေငှားယူ၍ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း …

Read More »

မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၅ (ပဲခူး) ================ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MIPPA)မှကြီးမှူး၍ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပဲခူးတိုင်းဒေသကြီး အသင်းခွဲ ဖွဲ့စည်းရန်အတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များနှင့် ကျောင်းသား/သူများ တက်ကြွစွာပါဝင်စေဘို့ အကြံပြုတိုက်တွန်းလိုကြောင်း၊ ဒါမှသာနောင် Intellectual နှင့် ပတ်သက်သည့် ကိစ္စရပ်များ လေ့လာလိုသည့်ကိစ္စများ ပေါ်ပေါက်လာပါက ရန်ကုန်(MIPPA)ရုံးနှင့် လိုအပ်သော အကူအညီများအမြန်ဆုံး ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယခုလိုမူပိုင်ခွင့်နှင့်တင်မဲ့ မြန်မာဟောပြောပွဲနှင့် မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားမှ အသိဉာဏ်ပစ္စည်း၏ အရေးပါပုံကို သေချာစွာသိရှိပြီး ကမ္ဘာ့အဆင့်မှီ အမြင်ကျယ်သော စီးပွားရေးလုပ်ငန်းရှင်များ မကြာသော အနာဂတ်တွင်ပေါ်ထွက်လာပြီး နိုင်ငံ၏စီးပွားရေးကိုတဘက်တလမ်းမှ အထောက်အပံ့ပြုလာနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ …

Read More »

ပဲခူးမြို့တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထ)ပတ် ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၁၄ (ပဲခူး) ================= ဒီဇင်ဘာလ(၁၄)ရက်နေ့  နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံး ရှေ့မှစတင်၍ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ  (စတုတ္ထ)ပတ် ကျင်းပပြုလုပ်သည်။ လူထုလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/သူများ၊ အဆင့်မြင့်ပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စက်ရုံ အလုပ်ရုံများမှလုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား (၇၉၄၆၀)ဦး ကျော်တက်ရောက်ပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့် သနပ်ပင်လမ်းများတစ်လျှောက် စုပေါင်းလမ်းလျှောက်ကာ ရွှေမော်ဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ Fitness dance ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ကြသည့်အပြင် တိုင်းဒေသကြီး အားကစားခန်းမအတွင်း၌လည်း နေ့ချင်းပြီး အားကစားပြိုင်ပွဲများကို လမ်းလျှောက်ပွဲပါဝင်သူ ကျောင်းသား/သူများနှင့် ပြည်သူများက …

Read More »

(ICJ) တွင် တရားစွဲဆိုမှုအပေါ် သွားရောက်ဖြေရှင်းရာတွင် အောင်မြင်မှုရရှိစေရန် စုပေါင်းဆုတောင်းပွဲပြုလုပ်

fi

ဒီဇင်ဘာ ၁၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ဒီဇင်ဘာလ (၁၂)ရက်နေ့  နံနက် (၉:၀၀) က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး  ရင်ပြင်တော် အင်္ဂါထောင့်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုမှုအပေါ်  သွားရောက် ဖြေရှင်းရာတွင် အောင်မြင်မှုရရှိစေရန် စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယ)အကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Presentation1

ဒီဇင်ဘာ ၁၁ (သဲကုန်း) ============= သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် (ဒုတိယ)အကြိမ် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————–

Read More »

မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်း

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) =================== ဒီဇင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင်က ပဲခူးမြို့နယ်အတွင်း ကုန်သွယ်ရေးဥယျာဉ်မြို့တော်တစ်ခု တည်ဆောက်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် စီးပွားရေးအရ မဟာဗျူဟာကျသည့် နေရာဒေသတစ်ခုဖြစ်ပြီး လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ ရေလမ်းနှင့်လည်း ပဲခူးမြစ်နှင့် စစ်တောင်းတူးမြောင်းတို့အား အဆင့်မြှင့်တင်၍ ဆောင်ရွက်နိုင်သလို မကြာမီဆောင်ရွက်မည့် အာရှလမ်းမကြီးတို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖော်ဆောင်ရာတွင် နိုင်ငံတော်စီမံကိန်းများနှင့်လည်း …

Read More »

ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် စစ်ဘန်ကာများအား အမှီပြုပြီး ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်း တွဲဖက်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) =================== တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၊ သစ်တောသင်တန်းကျောင်းဝန်းအတွင်း၌ ဖော်ထုတ်ခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် စစ်ဘန်ကာများအား အမှီပြုပြီး ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းတွဲဖက်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒီဇင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကစပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာများပြန်လည်ဖော်ထုတ်ခြင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၊ သစ်တောသင်တန်းကျောင်းအတွင်းရှိ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ဘန်ကာများ ဖော်ထုတ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရေတာရှည်မြို့နယ်၊ ကရင်ချောင်း(စစ်တောင်းမြစ်ကူးတံတား) အသစ်တစ်စင်းလည်း စီမံကိန်းလုပ်ငန်းများ စတင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒါကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်များနှင့် အနီးဆုံး ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက် လူမှုစီးပွားဘဝများ ပိုမိုမြှင့်မားလာနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက်လည်း ပြည်တွင်း/ပြည်ပ ဝင်ငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပြီး သမိုင်းဝင် …

Read More »

ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

FI

ဒီဇင်ဘာ ၁၁ (ပဲခူး) =================== ဒီဇင်ဘာလ(၁၁)ရက်နေ့  နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်(၄)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းသွယ်ရှိ လူငယ်ဓမ္မရိပ်သာ(Youth Center)တွင် ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးမှ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မကြာမီ စာရင်းကောက်မည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များတွင် စာရင်းစစ်၊ စာရင်းကောက်များ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး သေချာဆောက်ရွက်နိုင်ရန်အတွက် ဆွေးနွေးပို့ချပေးမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဂရုစိုက်စိုက်နားလည် သဘောပေါက် မှတ်သားကြဖို့လိုကြောင်း အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းအား၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ …

Read More »