Home / 2020

Yearly Archives: 2020

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၁ (ပဲခူး) ____________________ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဧပြီလ(၁)ရက်နေ့ ညနေ(၅)နာရီအချိန်က ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပဲခူးမြို့တွင် ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းအတွင်း/အပြင် တူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် လုပ်ငန်းတာဝန်ယူဆောင်ရွက်နေသည့် Maung San KS Co.,Ltdကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာဦးခင်မောင်ဇော်တို့က ကျုံးပြန်လည်တူးဖော်မှုနှင့် ကျုံးပတ်လမ်းအတွင်း/အပြင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတါသက်၍ရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ ကျုံးပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Maung San KS Co.,Ltdကုမ္ပဏီမှ တာဝန်ယူကာ ဟံသာဝတီမြို့ဟောင်းအနောက်မြောက်‌ဒေါင့် မြို့ရိုးတူးဖော်မှုအမှတ်BGO-2မှ မုတ္တမတံခါး(ကျောက်တွင်းကုန်းလမ်းဆုံ)အထိ ကျုံးအတွင်းရှိ အမှိုက်များ၊ ဒိုက်များအားဆယ်ယူခြင်း၊ အကျယ်(၂၁၀)ပေ၊ အနက်(၁၀)ပေဖြစ်အောင် ကျုံးအားပြန်လည်တူးဖော်ခြင်းအပြင် အရှည်ပေ(၃၂၅၀)ပေရှိ ကျုံးအတွင်းပတ်လမ်းနှင့် အပြင်ကျုံးပတ်လမ်းတို့အား မြေသားလမ်းအဖြစ်ဖော်ဆောင်ကာ အတွင်းကျုံးပတ်လမ်းအား ဂဝံလမ်းအဖြစ်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအားထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ဟံသာဝတီမြို့ရိုးပြန်လည်တူးဖော်မှု ကုန်းအမှတ်BGO-1(သိန္နီတံခါးပေါက်အနီး)၊ BGO-2ဟံသာဝတီမြို့ရိုး …

Read More »

ဧပြီလ(၁)ရက်နေ့ စာရင်းထုတ်ပြန်ချက်

1-4-2020

ဧပြီ ၁ (ပဲခူး) ============ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၁၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၅၆၁)ဦးအား ဝန်ထမ်းအင်အား (၁၁၈၉)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂၀)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၉၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၉၃၇)ဦးအား ဝန်ထမ်းအင်အား (၁၀၆၈)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၈)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၄၆)ဦးအား ဝန်ထမ်းအင်အား (၆၄၆)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိပါကြောင်းနှင့် သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၃၂)ခုရှိ၌ ပြည်ပမှပြန်လာသူ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးအပ်

15

မတ် ၃၁ (ပဲခူး) =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၃၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်က COVID-19 ရောဂါနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း  Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 ရောဂါနှင့်ပတ်သက်၍ ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သလို ပြည်ပနိုင်ငံများမှ နိုင်ငံသားများလည်း ထပ်မံဝင်ရောက်မှုများ ရှိနေကြောင်း၊ Home Quarantine နှ င့် Facility Quarantine ကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ကုသရေးအပိုင်းများ လျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းအပိုင်းကိုလည်း အရှိန်အဟုန်အပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Home Quarantine နှ င့် Facility Quarantine အတွင်း နေထိုင်သူများ သတ်မှတ်စည်းကမ်းများအား လိုက်ပါမှုမရှိပါက ထိရောက်စွာအရေးယူခြင်းခံရမည်ကိုလည်း …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မတ် ၃၀ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခု၏ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဝန်ကြီးတစ်ဦးစီ ဦးဆောင်၍ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကာ မြေပြင်အခြေအနေအမှန်ကိုလည်း ကွင်းဆင်းစိစစ်ခဲ့ပြီးဖြစ်သည်ကို သိရှိထားရကြောင်း၊ မြို့နယ်တစ်ခုချင်းအလိုက် ကွင်းဆင်းစိစစ်ခဲ့သည့်အပေါ်  တွေ့ရှိခဲ့ရသည့် လိုအပ်ချက်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် အစိုးရပိုင်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်အလက်များကို တင်ပြပေးစေလိုကြောင်း၊ ဒါမှသာ တိုင်းဒေသကြီးအဆင့်ကော်မတီအနေဖြင့် လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများ မိမိတို့၏ အသိစိတ်ဓါတ်ဖြင့်လည်းကောင်း၊ ရပ်ရွာပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ဆောင်ရွက်ပေးထားသည့် Facility Quarantine စခန်းများတွင် သွားရောက်နေထိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေ

FI

မတ် ၂၉ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသားများအား  သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုစခန်းများသို့ စနစ်တကျပေးပို့၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ မတ်လ (၂၇)ရက်နေ့မှ မတ်လ(၂၉)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ကျား(၄၁၂၈)ဦး၊ မ(၁၇၄၂)ဦး၊ စုစုပေါင်း(၅၈၇၀)ဦးတို့အနက် Home Quarantine အဖြစ် ကျား(၁၀၁၈)ဦး၊ မ(၅၀၇)ဦး၊  Facility Quarantine အဖြစ် ကျား(၃၁၀၃)ဦး၊ မ(၁၂၃၂)ဦး၊ Isolation(ဆေးရုံ) အဖြစ် ကျား(၇)ဦး၊ မ(၃)ဦးတို့အား မြို့နယ်(၂၈)မြို့နယ်ရှိ သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုစခန်းများတွင် စနစ်တကျ ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး တိုင်း/ခရိုင်/မြို့နယ်အဆင့် ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မတ် ၂၇ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး တိုင်း/ခရိုင်/မြို့နယ်အဆင့် ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက  COVID-19 ရောဂါသည် ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသူ (၅)ဦး ရှိနေပြီဖြစ်ကြောင်း၊ အဓိကအားဖြင့် အနောက်ဥရောပနိုင်ငံများမှ ပြန်လာသူများ COVID-19 ရောဂါပိုး တွေ့ရှိရသော်လည်း ထိုင်းနိုင်ငံမှ နေ့စဉ်လူထောင်ချီ၍ ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းလျက်ရှိရာ အထူးအလေးထားစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပမှ မိမိတို့နေရပ်သို့ ပြန်လာသောသူများကို သက်ဆိုင်ရာ မြို့နယ်အလိုက် စောင့်ကြည့်ရေးစခန်းတွင် (၁၄)ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့် လိုအပ်ချက်ကို ဆွေးနွေးတင်ပြရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်များအတိုင်း …

Read More »

ပြည်ပနိုင်ငံများမှ ပြန်လာသူများ (၁၄)ရက် (COVID-19 ) ကာကွယ်၊ ထိန်းချုပ် စောင့်ကြည့်နိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်

FI

မတ် ၂၆ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ (၂၆)ရက်နေ့၊ မွန်လွဲ(၂)နာရီအချိန်က ပြည်ပနိုင်ငံများမှ ပြန်လာသူများ (၁၄)ရက် (COVID-19 ) ကာကွယ်၊ ထိန်းချုပ် စောင့်ကြည့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ပမှပြန်လာသူများကို စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု  အပြည့်အစုံဖြင့် စောင့်ကြည့်နိုင်စေရေးသည် လူသားချင်းစာနာမှုအရ ဆောင်ရွက်ပေးခြင်းဖြစ်သလို ပြည်သူများအတွက်လည်း (COVID-19 ) ကာကွယ်၊ ထိန်းချုပ်ရာရောက်ကြောင်း၊ ကမ္ဘာကပ်ရောက်ဖြစ်၍ ပြည်သူများအနေဖြင့် အစိုးရ၏ ဆောင်ရွက်မှုများအပေါ် သိရှိနားလည် သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မလိုလားအပ်သော ပဋိပက္ခမဖြစ်ပေါ်စေရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများကိုလည်း အသိပညာပေးထားရန်နှင့် လိုအပ်ပါက ကန့်သတ်နယ်မြေအဖြစ် ထားရှိသွားရန် ကြိုတင်စီစဉ် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လာသူများ ကျန်းမာရေးနှင့်ပတ်သက်သော စစ်ဆေးချက်များအတိုင်း စစ်ဆေးခံယူရန်နှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု …

Read More »

Hotline ဖုန်းနံပါတ်များ ထုတ်ပြန်ကြေညာချက်

Presentation1

မတ် ၂၅ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19)  ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ မြို့နယ်အလိုက် ဆက်သွယ်ရမည့် ကျန်းမာရေး Hotline ဖုန်းနံပါတ်များအား ပြည်သူများ သိရှိနိုင်စေရန် ထုတ်ပြန်အပ်ပါသည်။

Read More »

(COVID-19)ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ ထုတ်ပြန်ချက်

11

မတ် ၂၄ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ (COVID-19)ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ ထုတ်ပြန်အပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးသက်ရောက်မှုကို ပြန်လည်ကုစားနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်

FI

ပဲခူး မတ် ၂၃ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် COVID-19 ရောဂါဖြစ်ပေါ်လျက်ရှိပြီး စက်ရုံ/အလုပ်ရုံများ ပိတ်သိမ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးအရထိခိုက်မှုများ ရှိလာနိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ/အလုပ်ရုံ၊ အလုပ်ရှင်/အလုပ်သမားဆိုင်ရာ ကဏ္ဍများ အတတ်နိုင်ဆုံးထိခိုက်မှုမရှိစေရေးကြိုတင်ပြင်ဆင် ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပေါ်မှုအပေါ် မိမိတို့အစိုးရအပိုင်းမှ ကူညီဆောင်ပေးသလို ယခုအခြေအနေမှာလည်း  အလုပ်သမားများ၏လူမှုဘဝများ ရေရှည်ရပ်တည်နိုင်ရေး ကြိုတင်တွေးဆထားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက Coronavirus Diseases 2019 (COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)မှ ဆုံးဖြတ်ချက်များအပေါ်  တိုင်းဒေသကြီးအတွင်း စီမံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက စီးပွားရေးဆိုင်ရာ …

Read More »