Home / 2020 / January / 02

Daily Archives: January 2, 2020

ပဲခူးမြို့ အထွေထွေရောဂါကုဆေူးရုံကြီးမှ ဝန်ထမ်းမိသားစုများ နှစ်ဦးအလှူ ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၂ (ပဲခူး) ————————- ပဲခူးမြို ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးရှေ့ရှိ အလှူမင်္ဂလာမဏ္ဍာပ်တွင် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆေးရုံဝန်ထမ်းမိသားစုများ စုပေါင်း၍ နှစ်ဦးအလှူ ကျင်းပပြုလုပ်သည်။ အဆိုပါနှစ်ဦးအာဟာရဒါနအလှူအား ပြည်သူနှင့်အတူဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ ပဲခူးတိုင်းသေဒကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီနှင့် ဆေးရုံအထောက်အကူပြုကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှု၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၏ ပူးပေါင်းကူညီဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထူးကြိုးစားဆောင်ရွက်လျှက်ရှိသည့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင် ဦးဆောင်သော အထူးကုကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် ဆေးရုံမိသားစုများစုပေါင်းကာ ကြွရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၁၀၀၀)ဦးခန့်အား အာဟာရဒါန နေ့လည်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးဆေးရုံကြီးအတွင်း အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

FI

ဇန်နဝါရီ ၂ (ပဲခူး) —————————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဥပဒေချုပ် ဦးအုန်းမြင့်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးပြည်သူ့ဆေးရုံကြီးအတွင်း အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီးနှင့် ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်းထားသည့် အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား အောင်သု(၄)ထပ်အဆောက်အအုံအား တာဝန်ယူတည်ဆောက်နေ့သည့် RAINFOREST CO.,LTDမှ Project Manager ဦးသန်းလွင်မှ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်တူးဖော်နေသည့် စက်ရေတွင်းနှင့် ဆောက်လုပ်နေ့သည့်(၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ယာ(၄)လုံးတို့အား လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ လိုက်လံရှင်းလင်းတင်ပြသည်။ အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်ကြီးသည် ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာဆရာတော်ကြီးနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး အဆိုပါဆေးရုံအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် စတင်ပန္နက်ရိုက်တည်ဆောက်ခဲ့ရာ ယခု(၇၅℅)ခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၀ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ …

Read More »