Home / 2020 / January / 03

Daily Archives: January 3, 2020

ပြည်ခရိုင်အတွင်း ရေနံတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး MOGE မှ လာရောက်ရှင်းလင်းတင်ပြ

FI

ဇန်နဝါရီ ၃ (ပဲခူး) ================== ဇန်နဝါရီလ(၃)ရက်နေ့၊ ညနေ(၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြည်ခရိုင်အတွင်း ရေနံတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး MOGE (မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း)မှ လာရောက်ရှင်းလင်းတင်ပြသည်။ ရှေးဦးစွာ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မန်းနေဂျင်းဒါရိုက်တာ ဦဉာဏ်ထွန်းက အစိုးရနှင့် ONGC Viesh Limited တို့ပူးပေါင်း၍ ရေနံတူးဖော်ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ ONGC Viesh Limited, Regional President, Mr. Veslisela Vidyasagar က ရေနံတူးဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ ONGC Viesh Limited, Country Manager, Mr. Rajiv Nischal က ရေနံတူးဖော်မည့် မြေနေရာများနှင့် အစိုးရမှ ကူညီပံ့ပိုးပေးရမည့် အချက်အလက်များကိုလည်းကောင်း၊ Project Manager, Mr. Dylan Patrick Jenkins က သဘာဝပတ်ဝန်းကျင် …

Read More »

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၃ (ပဲခူး) ================ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးလက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းခဲ့သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားစဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ခေတ်အဆက်ဆက် အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိရာ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရသော အရာထမ်း၊ အမှုထမ်းများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒများကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာခံယူကျင့်သုံး ဆောင်ရွက်ပြီး အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူကို အလုပ်အကျွေးပြုသည့် နိုင်ငံတော်မှ အားထားရသော အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ်တွင်ပြုလုပ်သည့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်

FI

ဇန်နဝါရီ ၃ (ကျောက်ကြီး) —————————– ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာ KNUဆက်ဆံရေးရုံးတွင် ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာတက်ရောက်လာကြသည့် ခေါင်းဆောင်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာကိုယ်စားလှယ်တာဝန်ရှိသူများက မိတ်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အစိုးရနှင့် KNU အဖွဲ့အစည်း တွေ့ဆုံမှုသည် (၃)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရွှေကျင်၊ ကျောက်ကြီး ဒေသများတွင် စစ်ဘေးဒဏ်၊ မိုင်းဒဏ်နှင့် သဘာဝဘေးဒဏ်တို့ကြောင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ နိမ့်ကျခဲ့ရမှုတို့ကို ပြန်လည်ထူထောင်ပေးရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ အတူစုပေါင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်လွတ်လပ်ရေးရပြီး (၇၂)နှစ် ပြည့်တော့မည့်အချိန်ထိ ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးရရှိရန် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ မှတ်ပုံတင်ရရှိရေး …

Read More »