Home / 2020 / January / 04

Daily Archives: January 4, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲကျင်းပ

FI

ဇန်နဝါရီ ၄ (ပဲခူး) ======================= ဇန်နဝါရီလ (၄)ရက်နေ့၊ ည(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ထူးချွန်သူများများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့သည် နယ်ချဲ့ဗြိတိသျှတို့ရဲ့ အလံကိုဖြုတ်ချပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုဂုဏ်ယူဝံ့ကြွားစွာ လွှင့်ထူနိုင်ခဲ့သည် သမိုင်းဝင်နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွှတ်လပ်ရေးကို ရရှိခဲ့သော်လည်း နှစ်ပေါင်း(၇၀)ကျော်ကြာသည်အထိ ဒေသတစ်ခုနှင့်တစ်ခု၊ ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး ညီမျှခြင်းကိုမရရှိခဲ့၍ ယနေ့အချိန်ထိ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားလျက်ရှိကြောင်း၊ အတိတ်သမိုင်းတုန်းကလည်း မတူကွဲပြားမှုတွေကို စုပေါင်းအားတစ်ရပ်အနေဖြင့် အသုံးမချနိုင်ခဲ့၍ သူ့ကျွန်ဘဝကို ရောက်ရှိခဲ့ရသည်ကို သင်ခန်းစာရယူကြရမှာဖြစ်ကြောင်း၊ လွှတ်လပ်ရေးရယူနိုင်ရန်အတွက် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်စသည့် ဂုဏ်ပုဒ်များဖြင့် ပြည့်စုံသော ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အထူးအလေးထားရန်လိုအပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးအလေးထား ဆောင်ရွက်ကာ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ …

Read More »

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အားကစားပြိုင်ပွဲ ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆုများချီးမြှင့်ပေး

FI

ပဲခူး ဇန်နဝါရီ ၄ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့တွင်၊ (၇၂)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၁၀)နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ပြေးပွဲပြိုင်ပွဲများ၊ အမျိုးသား ဖူဆယ်ဘောလုံး၊ စစ်တုရင်၊ တင်းနစ်၊ ကြက်တောင်၊‌ ခေါင်းအုံးရိုက်၊‌ လျှော်တိုင်တတ်၊ ထုပ်ဆီးထိုး၊ မီနီမာရသွန်၊ ဘိလိယက်စနူကာ ပြိုင်ပွဲများယှဉ်ပြိုင်ကျင်းပရာ ဆုရရှိသူများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးမြို့ ရပ်ကွက်ကျေးရွာများ၌ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

Read More »

ပဲခူးမြို့တွင်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၄ (ပဲခူး) ======================== ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်မုခ်ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက်(၄:၂၀)နာရီအချိန်တွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ စစ်တီးဝိုင်းအဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိတိုင်ထိပ်တွင် လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် နံနက်(၇:၃၀)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ၊ ကျောင်းသား/သူများနှင့် ပြည်သူများတက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး …

Read More »