Home / 2020 / January / 05

Daily Archives: January 5, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လျှပ်တပြတ်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

FI

ပဲခူး ၅ ဇန်နဝါရီ ————————— စတုတ္ထအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လျှပ်တပြတ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့၊ (၁၀)မိုင်ကုန်းရှိ ဟံသာဝတီဂေါက်ကွင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်များကိုယ်စားပြု ဂေါက်သီးရိုက် အားကစားသမားများ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကားပြောကြားကာ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ပြီး အဖွင့်ဂေါက်သီးများကိုရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစာသမား (၈၈)ဦးမှ ကြေးတန်း၊ ငွေတန်း၊ ရွှေတန်းပြိုင်ပွဲ အမျိုးအစားများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ညနေ(၆)နာရီအချိန်တွင် ဆုချီးမြင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး …

Read More »