Home / 2020 / January / 11

Daily Archives: January 11, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

FI

ဇန်နဝါရီလ ၁၁ (ရေတာရှည်) ___ _________________ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကြံနွယ်ကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးရဲဝဏ္ဏတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ်မှ ဖျော်ဖြေတင်ဆက်ကြသည့် ဒိုးပတ်အဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်ခဲ့သည်။ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ NEP စီမံကိန်း ထောက်ပံ့ငွေကျပ်(၄.၅)သန်းဖြင့် (၁.၅)မိုင်ရှိ (11KV)ဓာတ်အားလိုင်းနှင့် 11/0.4KV(200)KVA ထရန်စဖော်မာ(၁)လုံးတို့အား NEP phase-1(၂)မိုင်အတွင်း ကျေးရွာအစီအစဉ်တွင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်း (400V)ဓာတ်အားလိုင်း(၁၂)မိုင်အတွက် ထည့်ဝင်ငွေကျပ်(၃၉.၆)သန်း၊ …

Read More »

ဝန်ကြီးချုပ်နှင့် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများတွေ့ဆုံ

FI

ဇန်နဝါရီ ၁၁ (ရေတာရှည်) ————————- ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သာသနပါလဓမ္မာရုံအတွင်း၌ ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကြံသနွယ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဒေသခံပြည်သူများနှင့် တွေ့ရာတွင် ဝန်ကြီးချုပ်မှ တစ်ခောတ်တစ်ခါတုန်းက အာဏာဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အားနည်းခဲ့ရကြောင်း၊ ဒီနေ့ခေတ်ကာလမှာ လူသားဝါဒကို အခြေခံတဲ့ ဒီမိုကေရေစီဟုခေါ်သော ပြည်သူများမှ ဆင်းသက်လာသည့် အရပ်သားစစ်စစ် အစိုးရလက်ထက်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ပြည်သူများအနေဖြင့် မိမိတို့ အစိုးရ၏ မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးစသည့် လုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တွေမှာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

FI

ဇန်နဝါရီ ၁၁ (တောင်ငူ) ————————– တောင်ငူမြို့ မင်းကြီးညိုရုပ်တုရှေ့၊ ရန်ကုန်-မန္တလေးလမ်းနှင့် သံတောင်လမ်းဒေါင့်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ICON Shopping Center တောင်ငူအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်တင်တင်ဝင်း၊ ICON Shopping Center ဦးဆောင်သူ ဦးမျိုးဆွေနှင့် ICON Shopping Center ၏ မိခင်ကြီးဒေါ်လှသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ICON Shopping Center ဦးဆောင်သူ ဦးမျိုးဆွေတို့က ICON Shopping Center တောင်ငူ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

FI

ဇန်နဝါရီ ၁၁ (တောင်ငူ) ———————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူမြို့ အမှတ်(၂)ရပ်ကွက်၊ အရှည်(၁၀၀၀)ပေရှိ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တေဇာခင်ဦး(၅)လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ သွားလာရေးလွယ်ကူချောမွေ့စေပြီး ကျောင်းသား/သူများအနေဖြင့်လည်း စိတ်လက်ကြည်သာစွာ သွားလာနိုင်ကြပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အဖက်ဖက်မှ တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများအနေဖြင့်လည်း ရေရှည်ကောင်းမွန်သော လမ်းတစ်လမ်းဖြစ်လာစေရန် ပူးပေါင်းပါဝင် ထိန်းသိမ်းစောင့်ရှောက်သွားဖို့လိုကြောင်း အဖွင့်အမှာစကားပြောပြီး လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးပြုံးမောင်က ကျေးဇူးတင်စကားနှင့် လမ်းအဆင့်မြှင့်တင်ခင်းမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လမ်းဖြစ်မြောက်ရေးကော်မတီမှ ဝန်ကြီးချုပ်ထံ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းမကြီးအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး …

Read More »