Home / 2020 / January / 12

Daily Archives: January 12, 2020

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးဘုရားသို့ သွားရောက်ဖူးမျှော် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့်တွေ့ဆုံ

FI

ဇန်နဝါရီ ၁၂ (ရွှေကျင်) ———————— ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ရွှေကျင်မြို့နယ် မူစေးခိုတောင်တန်းပေါ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်ထီးရိုးလေးစေတီတော်မြတ်ကြီးသို့ ဖူးမျှော်ကြည်ညိုခဲ့သည့်အပြင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သံဃနာယအဖွဲ့ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေး အသုံးပြုနိုင်ရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ခန့် သက္ကရာဇ်(၈၆၀)ဝန်းကျင်တွင် မူစေးခိုရွာသူကြီး ဦးစောလယ်ကော်ဖူးနှင့်ဇနီးတို့မှ ကျိုက်ထိုမြို့ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား တောင်ယာလုပ်ငန်းအပြီး သွားရောက်ဖူးမျှော်ရာ ကျိုက်ထီးရိုးတောင်အနီး မတ်စောက်သော တောင်နေရာအရောက်တွင် ဆက်မတက်နိုင်သဖြင့် ညအိပ်ရပ်နားခဲ့ကြသည်။ ညအိပ်စဉ်ထူးဆန်းသော အိမ်မက်မက်ပြီး …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်အား ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၂ (ဖြူး) ————————– ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်နှင့်အတူ ဖြူးမြို့နယ်အတွင်း တည်ဆောက်နေသည့် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းခွင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တည်ဆောက်ရေး(၁)ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦးတို့က ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်မှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေး၊ တည်ဆောက်တူးဖော်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီအောင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းလုပ်ငန်းသည် ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၁၁၅)၏ အနောက်ဘက်(၅)မိုင်ခန့်အကွာတွင် တည်ရှိပြီး ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ စီမံကိန်းလျာထားရေသောက်ဧရိယာ (၉၀၀၀၀)ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ် တပ်ဆင်အင်အား (၂၀)မဂ္ဂါဝပ်(၂)လုံးဖြင့်နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီ(၁၂၀)သန်း ထုတ်လုပ်သွားနိုင်ရန်အပြင် စစ်တောင်းမြစ်ရေးကြီးရေလျှံမှုမှ …

Read More »