Home / 2020 / January / 15

Daily Archives: January 15, 2020

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တွေ့ဆုံဆွေးနွေး

FI

ဇန်နဝါရီ ၁၅ (ပဲခူး) ============== ဇန်နဝါရီလ (၁၅)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့တို့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်သည် တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးပါပြီး ကုသိုလ်ရရှိသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ရွှေကျင်မြို့နယ်တွင်လည်း နယ်မြေဒေသအခြေအနေအရ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကိုလည်း အဆင့်မြှင့်ပေးနိုင်ခဲ့ပြီးဖြစ်သလို ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ လူနာများသည် ပဲခူးမြို့ကိုဖြတ်သန်း၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိပြီး ယာဉ်ကြောကြပ်တည်းခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ပါကြောင်း၊ ဒါကြောင့် ပဲခူးဆေးရုံကြီးတွင်လည်း လိုအပ်သော စက်ပစ္စည်းများ၊ ကျွမ်းကျင်ပညာရှင်များ ထားရှိပေးခြင်းအားဖြင့် အခြားပြည်နယ်များမှ လူနာများလည်း အချိန်တိုအတွင်း ကုသပေးနိုင်မည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးဆေးရုံကြီးအား ထပ်မံအဆင့်မြှင့်တင်ပေးရန် …

Read More »

ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

FI

ဇန်နဝါရီ ၁၅ (ပဲခူး) ========================== ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ရုံးခန်းသို့ ပဲခူးမြို့အတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Emerald Lake Co., Ltd မှ Managing Director ဦးဖြိုးလင်းအောင်က ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်အတွင်း နိုင်ငံတကာအဆင့်မီ အပန်းဖြေဥယျာဉ်အဖြစ် စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျူးကျော်ဆိုင်ခန်းများအား ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များ၊ မဇင်းဆည်ပတ်ဝန်းကျင်တွင် သဘာဝအပန်းဖြေဥယျာဉ် ဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံတကာအဆင့်မီ ညစျေးဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် သမိုင်းကြောင်းနှင့် ပထဝီအနေအထားအရ အလွန်အရေးပါပြီး စီးပွားရေးအရလည်း အချက်အခြာကျသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် …

Read More »